Pages

Subscribe:

Tuesday, March 31, 2015

သူငယ်ချင်းဖြစ်သူ ဆန်းချက်ဇ်ကဲ့သို့ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် ဆန္ဒမရှိဟု နေမာပြောကြား



သူငယ်ချင်းဖြစ်သူ ဆန်းချက်ဇ်ကဲ့သို့ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် ဆန္ဒမရှိဟု နေမာပြောကြား

သူငယ်ချင်းဖြစ်သူ အလက်ဆစ် ဆန်းချက်ဇ်ကဲ့သို့ အင်္ဂလန် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ ကစားဖြစ်ရန် စိတ်ကူးမရှိဟု ဘာစီလိုနာ တိုက်စစ်မှူး နေမာက ထုတ်ဖော် ပြောကြားလိုက်သည်။

ဘရာဇီးလ် လက်ရွေးစင် နေမာသည် ပြီးခဲ့သည့် ရာသီက ဘာစီလိုနာ တိုက်စစ်တွင် ဆန်းချက်ဇ်နှင့် တွဲဖက်ကစားခဲ့ပြီး အကောင်းဆုံး သူငယ်ချင်းများ ဖြစ်လာကြသည်။ သို့သော်လည်း ချီလီလက်ရွေးစင် ဆန်းချက်ဇ်သည် နွေရာသီတွင် ပေါင်စတာလင် (၃၂)သန်း ဝန်းကျင်ဖြင့် အာဆင်နယ်သို့ ကူးပြောင်းသွားခဲ့သည်။ ဘရာဇီးလ်က ချီလီကို (၁-၀)ဖြင့် အနိုင်ရခဲ့သည့် ခြေစမ်းပွဲတွင် မိတ်ဆွေဟောင်းနှစ်ဦး ပြန်လည် ဆုံတွေ့ခဲ့ပြီး နေမာက မိမိ၏ သူငယ်ချင်း အာဆင်နယ်တွင် တောက်ပနေသည့်အတွက် ပျော်ရွှင်မိကြောင်း ဆိုသည်။

၎င်းက “နေမာက ကျွန်တော့်အတွက် အရမ်းအရေးပါတဲ့ သူငယ်ချင်းပါ။ ဘာစီလိုနာမှာ သူနဲ့ တွဲဖက် ကစားခဲ့ရတာကို ကျွန်တော် အရမ်း ဂုဏ်ယူနေမိပါတယ်”ဟု ပြောကြားခဲ့သည်။ ၎င်းက “ကျွန်တော်တို့ချင်းက ကွင်းထဲမှာတင် မကဘဲ ကွင်းပြင်မှာပါ တတွဲတွဲ ရှိနေခဲ့တာပါ။ အာဆင်နယ်မှာ သူလုပ်ပြနေသမျှ အရာတိုင်းအတွက် ကျွန်တော်ကတော့ ကျေနပ် ပျော်ရွှင်မိပါတယ်။ ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင်ကတော့ အင်္ဂလန်မှာ ကစားဖို့ စိတ်ကူး မရှိပါဘူး။ ဘာစီလိုနာမှာ ကျွန်တော် ပျော်ရွှင်နေသလို ဒီမှာ အချိန်အကြာကြီး ဆက်ရှိနေဦးမှာပါ”ဟုလည်း ဖွင့်ဟခဲ့သည်။

နေမာသည် ယခုရာသီ ပုံစံကောင်း ရရှိနေပြီး ပြိုင်ပွဲပေါင်းစုံ၌ စုစုပေါင်း (၂၆)ဂိုးထိ သွင်းယူထားနိုင်ခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment