Pages

Subscribe:

Friday, March 27, 2015

မက်ဆီထက် အဂူရိုက အဆုံးသတ်ပိုင်း ပိုကောင်းဟု ဂျိုးဟတ်ပြော



မက်ဆီထက် အဂူရိုက အဆုံးသတ်ပိုင်း ပိုကောင်းဟု ဂျိုးဟတ်ပြော
Written by  ဝေဘုန်းလူ

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီထက် မန်စီးတီး အသင်းဖော် အဂူရိုက အဆုံး သတ်ပိုင်း ပိုမိုကောင်းမွန် သည်ဟု မန်စီးတီးနှင့် အင်္ဂလန် လက်ရွေးစင် ဂိုးသမား
ဂျိုးဟတ် ကပြောကြား လိုက်သည်။ မက်ဆီသည် အကောင်းဆုံး တိုက်စစ်သမား များထဲတွင်တစ်ဦး အပါအ၀င် အဖြစ်သတ်မှတ် ခံထားရသော်လည်း ဂျိုးဟတ် ကမူ ပြိုင်ဘက် ဂိုးပေါက်သို့ အဆုံးသတ်ဂိုး သွင်းယူနိုင်မှု အပိုင်းတွင် အဂူရိုက ပိုကောင်းသည်ဟု ယုံကြည်နေခြင်းဖြစ်သည်။

"ဒီနှစ်မှာသူနဲ့နေ့တိုင်းလေ့ကျင့်ခန်း ဆင်းရလို့ ကျွန်တော်မြင်တွေ့ ပုံအရဆိုရင် အဂူရိုဟာ ဂိုးဘယ်လိုသွင်း ရမလဲဆို တာကောင်းကောင်း သိသူပါ။လေ့ကျင့်ခန်း အစီအစဉ်တွေမှာ အသင်းဖော်တွေကို စိတ်လှုပ်ရှားအောင် သူလုပ်နိုင်သလို ပြိုင်ပွဲမှာလည်း စွမ်းဆောင်နိုင် စွမ်းရှိသူပါ။

သူဟာပြိုင်ဘက် ငါးယောက်လောက် ကိုလည်း လိမ်ခေါက်ပြီး  ဂိုးသွင်းနိုင် စွမ်းရှိတယ်။ တစ်ဦးချင်း အတွေ့မှာ ကန်ချက်တွေ လည်းကောင်း တယ်။ မက်ဆီက လည်း အံ့မခန်းထူးချွန် တဲ့ကစားသ မားတစ်ယောက်ဖြစ် ပါတယ်။ ဒါပေမဲ့ကျွန်တော် ကတော့ အဂူရိုကိုပဲထောက် ခံပါတယ်"ဟု ဂျိုးဟတ် ကပြောကြားခဲ့သည်။

ဟတ်သည်လွန်ခဲ့သည့်နှစ်ရာသီကျော်ခန့်က မက်ဆီနှင့်လေးကြိမ်ရင်ဆိုင်ခဲ့ဖူးရာတွင်တစ်ဂိုးမှမပေးခဲ့ရဘဲ ပြီးခဲ့သည့်နှစ်တွင်မူပင်နယ်တီတစ်လုံး အပါအ၀င်နှစ် ဂိုးပေးခဲ့ရသည်။ ယခုနှစ်ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပထမ အကျော့တွင် မက်ဆီသွင်းယူသည့် ပင်နယ်တီဂိုးကို ကာကွယ်နိုင်ခဲ့သည်။

Ref: Daily Mail

Mizzima

0 comments:

Post a Comment