Pages

Subscribe:

Saturday, March 28, 2015

ဒီဘရိုင်း ကိုမော်ရင်ဟိုရောင်းချ မှုမှားယွင်းခဲ့ဟု ဟက်ဇက်ပြောကြား



ဒီဘရိုင်း ကိုမော်ရင်ဟိုရောင်းချ မှုမှားယွင်းခဲ့ဟု ဟက်ဇက်ပြောကြား
Written by  ဝေဘုန်းလူ

လန်ဒန်၊ မတ် ၂၇။     ။ ချယ်လ်ဆီး နည်းပြမော်ရင်ဟိုသည် ပြီးခဲ့ သည့်ဘောလုံး  ရာသီတွင်  ဘယ်လ်ဂျီယံ ကွင်းလယ်လူ ဒီဘရိုင်း ကိုရောင်းချ ခဲ့သော်လည်း ယင်းကွင်း လယ်လူမှာ ချယ်လ်ဆီးတွင် ကစားနိုင်သည့် အရည်အသွေး မျိုးပိုင်ဆိုင်ထား သူဖြစ်သည်ဟု ဟက်ဇက်က ယုံကြည်နေသည်။

ဝါဒါဘရီမင် တွင်အငှားဖြင့် သွားရောက် ကစားပြီးခြေ စွမ်းပြနိုင်ခဲ့သောဒီဘရိုင်း သည်မော်ရင်ဟို၏ ဒုတိယမြောက် ချယ်လ်ဆီးနည်းပြ ဘ၀စတင် သည့်နှစ်တွင် ချယ်လ်ဆီး အသင်း သို့ပြန်ရောက်လာ ခဲ့သော်လည်း  အသက် ၂၃နှစ် အရွယ်ကစား သမားမှာပုံမှန် ပွဲထွက်ခွင့်ရရန်ရုန်း ကန်ခဲ့ရပြီး ဇန်န၀ါရီ အပြောင်း အရွှေ့ ကာလတွင် ၀ုဖ်ဘတ် သို့ရောင်းချ ခံခဲ့ရသည်။

လက်ရှိ ရာသီတွင် ၀ုဖ်ဘတ်အသင်း အတွက်ခြေ စွမ်းပြကာ သွင်းဂိုး ကိုးဂိုး၊ ဖန်တီးမှု ၁၆ ကြိမ်လုပ် ထားပြီး မန်စီးတီး အသင်း ၏စိတ်ဝင် စားခြင်း  ခံနေရသည့် ဒီဘရိုင်းသည် ဂျာမနီတွင် ဖိအားနည်း ပါးစွာဖြင့် ကစားနေနိုင် သူဖြစ်သည်ဟု ဟက်ဇက် ကပြောကြား ခဲ့သည်။

"ချယ်လ်ဆီး အနေနဲ့ ဒီဘရိုင်းကို ဆက်ထားခဲ့ရင် အင်အား ပိုတောင့်နေ မှာပါ။ သူကထူးချွန်သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့မော်ရင် ဟိုကသူ့ကို သွားခွင့်ပြု လုက်ပြီးနေရာလည်း မပေးခဲ့ဘူး။ သူ့မှာ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိလို့ ချယ်လ်ဆီး မှာကောင်းကောင်း ကစားနိုင်စွမ်းရှိ တယ်လို့ ကျွန်တော် ယူဆပါတယ်။ သူ့ကိုလက် လွှတ်လိုက် ရတာက ရှက်စရာကောင်းပြီး ဒီဘရိုင်း  ဟာအောင်မြင်တဲ့  ကစားသမား  တစ်ယောက်ဖြစ်  လာမှာပါ"ဟု  ဘယ်လ်ဂျီယံ  လက်ရွေးစင် အသင်းဖော်နှင့် ပတ်သက်ပြီး ဟက်ဇက် ကပြောကြား ခဲ့သည်။


Ref: Daily Mail

Mizzima

0 comments:

Post a Comment