Pages

Subscribe:

Wednesday, March 18, 2015

အာဆင်နယ်၏ မလေးမစား အပြုအမူကို တုံ့ပြန်ခဲ့ဟု မိုနာကိုနည်းပြ ပြောကြား



အာဆင်နယ်၏ မလေးမစား အပြုအမူကို တုံ့ပြန်ခဲ့ဟု မိုနာကိုနည်းပြ ပြောကြား

ပထမအကျော့တွင် အာစင်ဝင်းဂါး၏ မလေးမစား အပြုအမူကြောင့် ဒုတိယအကျော့တွင် ၎င်းနှင့် လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆိုခဲ့ကြောင်း မိုနာကိုနည်းပြ လီယိုနာဒို ဂျာဒင်မ်က ပြောကြားခဲ့သည်။

၎င်းက အာဆင်နယ် မန်နေဂျာ ဝင်းဂါးသည် အမ်းမရိတ်စ်တွင် မိုနာကိုအား (၃-၁)ဖြင့် အရေးနိမ့်သည့် ပထမအကျော့ ပွဲစဉ်တွင် မိုနာကို အသင်းအပေါ် မလေးမစား ပြုမူခဲ့ကြောင်း ဝေဖန်ခဲ့သည်။ မိုနာကိုသည် ဝင်းဂါး၏ အသင်းဟောင်းဖြစ်ပြီး ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်တွင် အာဆင်နယ်ကို (၂-၀)ဖြင့် အရေးနိမ့်သည့်တိုင် အဝေးဂိုး စည်းမျဉ်းအရ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်သွားခဲ့သည်။ ဂျာဒင်မ်က ပထမအကျော့တွင် မိုနာကိုအသင်း အနိုင်ရစဉ်က ဝင်းဂါးသည် ဂုဏ်ပြုမှု တစ်စုံတစ်ရာ မရှိဘဲ မလေးမစား ပြုမူခဲ့ကြောင်း ဆိုသည်။

ပေါ်တူဂီသား နည်းပြက “အခုပွဲ အပြီးမှာ ကျွန်တော်တို့ အောင်ပွဲခံတယ်။ ဒါပဲ စဉ်းစားတော့တယ်။ အာဆင်နယ်ဟာ ပထမအကျော့မှာ ကျွန်တော်တို့အပေါ် ထားသင့်တဲ့ လေးစားမှုမျိုး မထားခဲ့ဘူး။ ချန်ပီယံလိဂ်မှာ မိုနာကိုနဲ့ လာဆုံတာကို အာဆင်နယ်က သိပ်ပျော်နေခဲ့ပုံပဲ။ ကျွန်တော်တို့ဟာ ပြိုင်ပွဲရဲ့ အားအနည်းဆုံး အသင်းတစ်သင်းလုံး သူတို့ ယူဆခဲ့တယ်လေ။ နောက်ဆုံး(၁၆)သင်း အဆင့်မှာ အသင်းတိုင်းက မိုနာကိုနဲ့ ဆုံချင်တယ်။ အာဆင်နယ်က မကစားခင် ကတည်းက သူတို့ကိုယ်သူတို့ ကွာတားဖိုင်နယ် ရောက်ပြီလို့တောင် ထင်နေပုံပဲ”ဟု ပြောကြားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment