Pages

Subscribe:

Sunday, March 22, 2015

မန်ယူတွင် ခြေစွမ်းမပြနိုင်သည့် ဖယ်လ်ကာအိုကို ဂျူဗင်တပ်အသင်းခေါ်ယူလို



မန်ယူတွင် ခြေစွမ်းမပြနိုင်သည့် ဖယ်လ်ကာအိုကို ဂျူဗင်တပ်အသင်းခေါ်ယူလို
Written by  ဝေဘုန်းလူ

(တူရင်)။ ။ ဂျူဗင်တပ်အသင်းသည် မိုနာကို တိုက်စစ်မှူး ဖယ်လ်ကာအိုကို ခေါ်ယူနိုင်ရန်အတွက် မိုနာကိုအသင်းနှင့် ဆွေးနွေးဖွယ်ရှိနေသည်။

မန်ယူအသင်းသည် ရာသီကုန်တွင် ယင်းတိုက်စစ်မှူးကို ပြင်သစ်လိဂ်-၁ ကလပ် မိုနာကိုသို့ ပြန်လည်စေလွှတ်ဖွယ်ရှိနေပြီး အီတလီကလပ် ဂျူဗင်တပ်က မန်ယူကဲ့သို့ တစ်ရာသီ အငှားဖြင့် ခေါ်ယူလိုနေခြင်း ဖြစ်သည်။ ဂျူဗင်တပ်သည် အသင်းကို ပြန်လည်တည်ဆောက်ရန် တိုက်စစ်မှူးနှစ်ဦးနှင့် ကွင်းလယ်ကစားသမား တစ်ဦးခေါ်ယူရန် ဆန္ဒရှိနေသည်။ ဂျူဗင်တပ် တိုက်စစ်မှူး လိုရန်တီ အသင်းပြောင်းဖွယ်ရှိနေစဉ်တွင် စာချုပ်သက်တမ်း တစ်နှစ်သာကျန်သည့် တီဗက်ဇ်ကလည်း စာချုပ်သစ်ထပ်ချုပ်ရန် ဆန္ဒမရှိဖြစ်နေသည်။

ဂျူဗင်တပ်အသင်းသည့် ပြောင်းရွှေ့ကြေးမြင့်မားသည့် ပါလာမိုမှ ဒိုင်ဘာလာကို ခေါ်ယူရေးအတွက်လည်း ဆွေးနွေးသွားမည် ဖြစ်သည်။ မန်ယူတွင် ခြေစွမ်းမပြနိုင်သည့် ဖယ်လ်ကာအိုမှာ တနင်္ဂနွေနေ့က လီဗာပူးလ်နှင့်ပွဲ မန်ယူအသင်း လူစာရင်းတွင် ပါဝင်ခဲ့သည်။ ဂျူဗင်တပ်နှင့် ဆက်စပ်သတင်းတစ်ခုတွင် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းသည် ဂျူဗင်တပ် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ကမ်းလှမ်းရန်ငြင်းဆန် ထားသည်ဟု ဖော်ပြထားသည်။

ရည်ညွှန်း - ဒေးလီးမေးလ်

Mizzima

0 comments:

Post a Comment