Pages

Subscribe:

Thursday, March 26, 2015

အဲလ်ဗက်စ်ကို ဥရောပ ကလပ်အသင်းကြီး ခုနစ်ခု ကမ်းလှမ်းမှု ပြုလုပ်ထား



အဲလ်ဗက်စ်ကို ဥရောပ ကလပ်အသင်းကြီး ခုနစ်ခု ကမ်းလှမ်းမှု ပြုလုပ်ထား

ဘာစီလိုနာ ခံစစ်မှူး ဒန်နီအဲလ်ဗက်စ်ကို မန်ချက်စတာ ယူနိုက်တက်နှင့် လီဗာပူးလ်တို့ အပါအဝင် ဥရောပအသင်းကြီး ခုနစ်ခုထိ ဝိုင်းဝန်း ချိတ်ဆက်နေကြောင်း သိရှိရသည်။

ဘရာဇီးလ် ညာနောက်ခံ ကစားသမား၏ လက်ရှိစာချုပ်သည် လာမည့်ဇွန်လတွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။ ၎င်းသည် ဘာစီလိုနာနှင့် သက်တမ်းတိုး စာချုပ်ရန် ငြင်းဆိုထားသည့်နောက် နွေရာသီတွင် စိတ်ကြိုက်အသင်း တစ်ခုသို့ လွတ်လွတ်လပ်လပ် ပြောင်းရွှေ့ခွင့် ရရှိထားသည်။ စပိန် သတင်းစာ Sportက အဲလ်ဗက်စ်အတွက် ကလပ်အသင်း ခုနစ်ခုက ကမ်းလှမ်းမှု ပြုလုပ်ထားပြီး PSG၊ ဂျူဗင်းတပ်စ်၊ ဘိုရပ်ရှားဒေါ့တ်မန်၊ အင်တာမီလန်တို့အပြင် လက်ရှိကလပ် ဘာစီလိုနာကပါ စာချုပ်သစ် ထပ်မံ အဆိုပြုထားကြောင်း ဖော်ပြခဲ့သည်။

အသက်(၃၁)နှစ်ရှိ အဲလ်ဗက်စ်သည် လက်ရှိ အချိန်ထိ အနာဂတ်ကို မဆုံးဖြတ်သေးဘဲ ၎င်းအနေဖြင့် နူးကမ့်တွင် ဆက်နေမည်လား၊ အခြားသော နိုင်ငံတစ်ခုသို့ သွားရောက် ကစားမည်လား ဆိုသည်မှာ မသေချာသေးချေ။ အဲလ်ဗက်စ်သည် (၂၀၀၈)ခုနှစ်က ပေါင်စတာလင် (၂၃)သန်းဖြင့် ဆီဗီးလားမှ ဘာစီလိုနာသို့ ရောက်ရှိခဲ့ပြီး စွမ်းဆောင်ရည် ကောင်းမွန်မှုများကြောင့် ၎င်း၏ ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် သန်း(၃၀)ထိ ဘာစီလိုနာက မြှင့်တင် ပေးချေခဲ့ရသည်။ ၎င်းသည် ကာတာလန် အခြေစိုက် အသင်းကြီးအတွက် လာလီဂါပွဲပေါင်း (၂၀၈)ပွဲထိ ကစားပေးထားသည်။

Soccer Myanmar

0 comments:

Post a Comment