Pages

Subscribe:

Sunday, March 15, 2015

ဘန်လေကို ရှုံးနိမ့်ခဲ့သောကြောင့် ချန်ပီယံဘွဲ့ ထိန်းသိမ်းရန် အခက်တွေ့လာသည့် မန်စီးတီး



ဘန်လေကို ရှုံးနိမ့်ခဲ့သောကြောင့် ချန်ပီယံဘွဲ့ ထိန်းသိမ်းရန် အခက်တွေ့လာသည့် မန်စီးတီး

ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) ဘန်လေနှင့် မန်စီးတီး ပွဲစဉ်တွင် လက်ရှိချန်ပီယံအသင်းက ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ဘန်လေတွင် ဟီတန်၊ ထရစ္စပီယာ၊ ရှက်ကယ်၊ ဒပ်ဖ်၊ မီး၊ ဘားနက်စ်၊ အာဖီးလ်၊ ဂျုံးစ်၊ ဘွိုက်၊ အင်းစ်၊ ဗုတ်စ်တို့ ပွဲထွက်ပါဝင်ခဲ့သည်။
မန်စီးတီးတွင် ဟတ်၊ ဇာဘလက်တာ၊ ကွန်ပနီ၊ ဒီမစ်ချယ်လစ်၊ ကလစ်ချီ၊ နာဗက်စ်၊ ဖာနန်ဒင်ဟို၊ ယာယာတိုရေး၊ ဆေးလ်ဗား၊ ဒီဇီကို၊ အဂူရိုတို့ ပါဝင်ကစားခဲ့သည်။

ပွဲချိန် ၂၉ မိနစ်တွင် ဖာနန်ဒင်ဟို ဖန်တီးပေးသည့် ဘောလုံးကို ဒီဇီကို ကန်သွင်းရာ ဟီတန်က ပုတ်ထုတ်ကာကွယ်ခဲ့ရသည်။ ထို့နောက် ပြန်ထွက်လာသည့် ဘောလုံးကို အဂူရိုက ၁၈ ကိုက်မှ ကန်သွင်းရာ ဂိုးသမားက အလွယ်တကူ ဖမ်းယူနိုင်ခဲ့သည်။ ၅၁ မိနစ်တွင် စီးတီးက ဂိုးရလုနီးပါး ဖြစ်ခဲ့ပြီး အဂူရိုက ဆေးလ်ဗားကို ဖန်တီးပေးခဲ့သော်လည်း အဆိုပါ ကွင်းလယ်ဖန်တီးရှင်၏ ကန်ချက်ကို ဂိုးသမား ဟီတန်က ကာကွယ်နိုင်ခဲ့သည်။ ၅၆ မိနစ်တွင် ဘန်လေ ကစားသမား ဂျော့ခ်ျဘွိုက်က ဒီမစ်ချယ်လစ်၏ ခေါင်းတိုက်ရှင်းထုတ်ပုံ အားနည်းမှုမှတစ်ဆင့် ၂၅ ကိုက်အကွာမှ မြေမကျကန်သွင်းချက်ကို ဟတ်က ပုတ်ထုတ်ကာကွယ်ခဲ့ရသည်။ ၆၁ မိနစ်တွင် ထရစ္စပီယာ၏ ဖရီးကစ်ကို ကွန်ပနီ ခေါင်းတိုက်ရှင်းထုတ်ရာ ဘွိုက် ရရှိသွားပြီး မြေမကျ ကန်သွင်းရာမှ ဘန်လေအသင်း အဖွင့်ဂိုး ရရှိခဲ့သည်။ ၈၁ မိနစ်တွင် တိုရေးက အဂူရိုကို လှလှပပ ဖန်တီးမှု ပြုလုပ်ပေးခဲ့သော်လည်း မန်စီးတီး တိုက်စစ်မှူး၏ ခေါင်းတိုက်ချက် ဂိုးတိုင်ပေါ် ကျော်သွားခဲ့သည်။ ၉၀ မိနစ်တွင် ပင်နယ်တီ ဧရိယာအတွင်း ဇာဘလက်တာကို မီးက ဖျက်ထုတ်ခဲ့သော်လည်း ပင်နယ်တီ မရရှိခဲ့ပေ။ အနှေးပြကွက်တွင် ဘန်လေ နောက်ခံ ကစားသမားက ဘောလုံးကို ထိခဲ့ခြင်း မရှိသောကြောင့် ဧည့်သည်အသင်းအတွက် နစ်နာခဲ့ရသည်။ ပွဲအပြီးတွင် မန်စီးတီးက ဘန်လေကို ၁-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားထိပ်မှ နှစ်ပွဲလျော့ ကစားထားသည့် ချယ်ဆီးနှင့် ၅ မှတ်ကွာဟလျက်ရှိသည်။

Soccer Myanmar

0 comments:

Post a Comment