Pages

Subscribe:

Thursday, May 14, 2015

ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် မည်သည့်ပြိုင်ဘက်ကိုမဆို ရင်ဆိုင်ရန် အသင့်ရှိနေဟု နေမာ ဆို



ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် မည်သည့်ပြိုင်ဘက်ကိုမဆို ရင်ဆိုင်ရန် အသင့်ရှိနေဟု နေမာ ဆို

ဇွန်လတွင် ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် မည်သည့်ပြိုင်ဘက်အသင်းကိုမဆို ရင်ဆိုင်ရန်အတွက် အသင့်ရှိနေကြောင်း ဘာစီလိုနာကြယ်ပွင့် နေမာက ပြောကြားလိုက်သည်။

ဘာစီလိုနာသည် ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်း ၅-၃ ဂိုးဖြင့် အနိုင်ရရှိကာ လေးနှစ်အတွင်း ပထမဦးဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

ဘာစီလိုနာသည် ပထမအကျော့တွင် ဘိုင်ယန်မြူးနစ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သောကြောင့် ဒုတိယအကျော့တွင် ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကာ ဂျူဗင်တပ်စ်နှင့် ရီးယဲမက်ဒရစ်ပွဲမှ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် အသင်းနှင့် ဇွန်လ ၆ ရက်တွင် ဘာလင်၌ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ထို့နောက် မိမိနှင့် အသင်းဖော်များသည် ဗိုလ်လုပွဲသို့ မည်သည့်အသင်း တက်ရောက်လာစေကာမူ ရင်ဆိုင်ရန် အသင့်ရှိနေကြောင်း နေမာက ဆိုခဲ့သည်။

“ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမယ့်အသင်းကို ကျွန်တော်တို့ စောင့်ဆိုင်းနေပါတယ်။ ဒါဟာ ကျွန်တော့်အတွက် စိတ်ခံစားမှုသစ် ဖြစ်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ပထမဦးဆုံး ချန်ပီယံလိဂ် ဗိုလ်လုပွဲ အတွေ့အကြုံပါ။ အဲ့ဒီအတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်။ အသင်းဖော်တွေအတွက်လည်း ပျော်ရွှင်မိပါတယ်” ဟု နေမာက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment