Pages

Subscribe:

Saturday, May 9, 2015

ဝဲလ်ကော့နှင့် ယန်ကင်ဆန်တို့ကို ရောင်းချသွားမည် မဟုတ်ဟု ဝင်းဂါးပြောကြား



ဝဲလ်ကော့နှင့် ယန်ကင်ဆန်တို့ကို ရောင်းချသွားမည် မဟုတ်ဟု ဝင်းဂါးပြောကြား

သီအိုဝဲလ်ကော့နှင့် ကားလ်ယန်ကင်ဆန်တို့ကို ရောင်းထုတ်သွားရန် အစီအစဉ် မရှိကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက အခိုင်အမာ ပြောကြားလိုက်သည်။

ဝက်စ်ဟမ်း ယူနိုက်တက်တွင် အငှားထွက်ကစားနေသည့် တောင်ပံခံစစ်မှူး ယန်ကင်ဆန်သည် အထင်ကြီးလောက်ဖွယ် စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့သည့်နောက် ဝက်စ်ဟမ်းက ၎င်းကို အပြီးသတ် ခေါ်ယူသွားရန် ဆန္ဒရှိနေသည်။ အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ်သမား ဝဲလ်ကော့မှာမူ အာဆင်နယ်နှင့် စာချုပ်သက်တမ်း တစ်နှစ်မျှသာ ကျန်တော့ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှု အဆင်မပြေသေးဘဲ ဖြစ်နေသည်။ ဝင်းဂါးကမူ ဝဲလ်ကော့ကို ရောင်းထုတ်ရန်ထက် အောင်မြင်စွာ စာချုပ်သက်တမ်းတိုးပြီး အခြေအနေကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်လျက်ရှိသည်။

အာဆင်နယ် ညာခြမ်းခံစစ်တွင် မက်သရူးဒီဘူချီ၊ ဟက်တာဘယ်လာရင်နှင့် ကာလမ်ချမ်ဘာစ်တို့ ရှိနေရာ ယန်ကင်ဆန် အနေဖြင့် အသင်းသို့ ပြန်လာလျှင်လည်း ပထမအသင်းတွင် ပါဝင်ရေး မျှော်လင့်ချက်မှာ အလွန်နည်းပါးနေမည် ဖြစ်သည်။ ဝင်းဂါးက “ကျွန်တော်တို့ သူ့ကို မရောင်းပါဘူး။ ရွေးချယ်ရမှာ နှစ်ခုက သူ့ကို အသင်းဆီ ပြန်ခေါ်မလား၊ ဒါမှမဟုတ် နောက်တစ်ရာသီ အငှားကစားခွင့် ပေးမလား ဆိုတာပါပဲ”ဟု ဆိုသည်။ အသက်(၂၆)နှစ်ရှိ ဝဲလ်ကော့နှင့် ပတ်သက်ပြီးမူ ဝင်းဂါးက “လောလောဆယ်တော့ အခြေအနေ ထပ်ပြီး ထူးခြားလာတာ မရှိသေးဘူး။ ကျွန်တော်တို့ သူ့ကို သက်တမ်းတိုး စာချုပ်ချင်ကြောင်း ပြောပြီးသားပါ။ ကျွန်တော်တို့က သူ့ကို ဆက်ထိန်းထားချင်ပါတယ်။ သူကလည်း ဆက်နေချင်တယ်လို့ ထင်ပါတယ်”ဟု ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment