Pages

Subscribe:

Friday, May 8, 2015

ဖလားသုံးလုံးရလျှင်ပင် ဘာစီလိုနာမှ နည်းပြအန်းနရစ် ထွက်ခွာဖွယ်ရှိခြင်းက မန်စီးတီးအတွက် သတိပေးချက်ဖြစ်လာ



ဖလားသုံးလုံးရလျှင်ပင် ဘာစီလိုနာမှ နည်းပြအန်းနရစ် ထွက်ခွာဖွယ်ရှိခြင်းက မန်စီးတီးအတွက် သတိပေးချက်ဖြစ်လာ
Written by  ဝေဘုန်းလူ

မန်ချက်စတာ၊ မေ ၈။         ။ လက်ရှိဘောလုံးရာသီတွင် ဖလားသုံးလုံးရလျှင်ပင် ဘာစီလိုနာမှ နည်းပြအန်းနစ်ရစ် ထွက်ခွာဖွယ်ရှိနေခြင်းက ပရီးမီးယားလိဂ် ကလပ် မန်စီးတီးအသင်းအတွက် သတိပေးချက်တစ်ခုဖြစ်လာကြောင်း ဒေးလီးမေးလ် ကဖော်ပြသည်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌသစ်ရွေးကောက်ပွဲကို ဇွန်လတွင်ပြုလုပ်မည်ဖြစ်ပြီး ဥက္ကဋ္ဌသစ်ပေါ်ထွက်လာဖွယ်ရှိရာ အသင်းနည်းပြကိုလည်း အသစ်ပြောင်းလဲ ခန့် အပ်ဖွယ်ရှိနေသည်။

လက်ရှိနည်းပြအန်းနရစ်အနေဖြင့် ချန်ပီယံလိဂ်၊ လာလီဂါနှင့် စပိန်ကိုပါဒယ်ရေးဖလားရရန် ခြောက်ပွဲသာအားစိုက်ရန်ကျန်တော့သော်လည်း နည်းပြအပြောင်း အလည်း ဖြစ်ပေါ်ဖွယ်ရှိနေခြင်းဖြစ်သည်။

အန်းနရစ်ကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းတွင် ဒုတိယနှစ်ဆက်ရှိရန်အတွက်ဆွေးနွေးရန် အစဉ်တစိုက်ငြင်းဆန်နေရာ လက်ရှိရာသီ၌ မည်သည့်ရလဒ် ထွက်ပေါ်သည်ဖြစ်စေ အသင်းပြောင်းဖွယ်ရှိနေသည်။ ယင်းအခြေအနေက မန်စီးတီးအသင်းအပါအဝင် ပရီးမီးယားလိဂ် အသင်းများအတွက် သတိပေးချက် တစ်ခုဖြစ်လာသည်။

မန်စီးတီးအသင်းသည် နည်းပြ ပယ်လီဂရီနီကို လာမည့်ရာသီ၌ဆက်ထားမည်မဟုတ်ဘဲ နည်းပြသစ်ရှာဖွေမည်ဖြစ်ပြီး လက်ရှိပစ်မှတ်ထားနေသည့် ဂွာဒီယိုလာ သည် ဘိုင်ယန်ကိုသာဆက်ကိုင်မည်ဟု ဆုံးဖြတ်ဖြစ်ခဲ့ပါက မန်စီးတီးအသင်းအနေဖြင့် အန်းနရစ်အပေါ် ပြောင်းလဲစိတ်ဝင် စားလာနိုင်သည်။

Ref; Daily Mail

Mizzima

0 comments:

Post a Comment