Pages

Subscribe:

Friday, May 15, 2015

ဘောလုံးရာသီကုန်တွင် အဆင့် ၅ အတွင်း ၀င်ရန် ချင်းယူနိုက်တက်အသင်း ပစ်မှတ်ထား



ဘောလုံးရာသီကုန်တွင် အဆင့် ၅ အတွင်း ၀င်ရန် ချင်းယူနိုက်တက်အသင်း ပစ်မှတ်ထား
Written by  သောကြာ

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲဝင် ချင်းယူနိုက်တက်အသင်းသည် ဒုတိယ အကျော့ပွဲစဉ်များ မစတင်မီ ပြည်တွင်း၊ ပြည်ပ ကစားသမားအချို့ ခေါ်ယူနေပြီး ဘောလုံးရာသီအကုန်တွင် ထိပ်ဆုံး ငါးသင်း စာရင်းဝင်ရန် ပစ်မှတ်ထားနေသည်ဟု အသင်းစီအီးအို ဦးဒိုခန့်ခုပ်က မဇ္ဈိမသို့ ပြောသည်။

ချင်းယူနိုက်တက်အသင်းသည် ကမ္ဘောဇအသင်းမှ တိုက်စစ်မှူး မိုင်းအိုက်နိုင်ကို အငှားခေါ်ယူနိုင်ခဲ့သလို ၂၀၁၃ ခုနှစ်တွင် အသင်း၌ ကစားခဲ့ဖူးသော တောင်ကိုရီးယားလူမျိုး ချန်ရာဂင်ကိုလည်း အသင်းသို့ပြန်လည်ခေါ်ယူနိုင်ခဲ့သည်။

'ရာသီကုန် မှာ အဆင့် ၁ ကနေ ၅ အတွင်း ၀င်ဖို့ မှန်းထားတယ်။ လက်ရှိနိုင်ငံခြားကစားသမားအင်အားနဲ့ စုဖွဲ့မှုနဲ့ဆို ၀င်နိုင်မယ်လို့လဲ ထင်တယ်။ တိုက်စစ်မှူး ဆန်ဒေးနဲ့ ချန်ရာဂင်တို့ အတွဲညီလိမ့်မယ်လို့လဲထင်တယ်' ဟု ချင်းယူနိုက်တက်အသင်း စီအီးအို ဦးဒိုခန့်ခုပ်က ပြောသည်။ ချင်းယူနိုက်တက်အသင်းတွင် ရှိနေသော ဟံသာဝတီ အသင်း နောက်ခံလူဟောင်း ကလစ်ဖို့ဒ်၊ ဇွဲကပင်အသင်း ကစားသမားဟောင်း ဂျီနွတ်ဆီယမ်၊ ဇေယျာရွှေမြေအသင်း တိုက်စစ်မှူးဟောင်း ဆန်ဒေးတို့ သုံးဦးမှာ ပထမအကျော့တွင် အသင်းအတွက် ခြေစွမ်းပြ ကစားပေးနိုင်ခဲ့ကြပြီး အသင်းကွင်းလယ် ကစားသမားဟောင်း ချန်ရာဂင် ထပ်မံရောက်ရှိလာသောကြောင့် ဒုတိယအကျော့တွင် အသင်း၏ ခြေစွမ်းပိုမိုတိုးတက်လာဖွယ် ရှိနေသည်။

'ချန်ရာဂင်က အသင်းမှာ ကစားခဲ့ဖူးတဲ့ ကစားသမားကောင်းပါ။ နောက်ပြီး အသင်းက ကွင်းလယ်ပိုင်းမှာ နဲနဲလိုအပ်ချက် ရှိနေတာကြောင့် သူ့ကို ပြန်ခေါ်ဖြစ်ခဲ့တာပါ။ သူက အသင်းနဲ့ အံဝင်တဲ့ ကစားသမား တစ်ယောက်လဲ ဖြစ်တယ်' ဟု ချင်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးဋ္ဌေးမြင့်က ပြောသည်။ ချင်းယူနိုက်တက်အသင်းသည် နေရှင်နယ်လိဂ်  ပထမအကျော့ ကိုးပွဲအပြီးတွင် သုံးပွဲနိုင်၊ နှစ်ပွဲသရေ၊ သုံးပွဲရှုံး ရမှတ် ၁၁ မှတ်ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်နေသည်။ ထို့ပြင် အသင်းတိုက်စစ်မှူး ဆန်းဒေးမက်သရူးမှာ ကိုးပွဲကစားအပြီးတွင် အသင်းအတွက် သွင်းဂိုး ငါးဂိုး သွင်းယူပေးထားသလို ချင်းလူမျိုးကစားသမား ဆောင်လမ်မန်ကလည်း အသင်းအတွက် လေးဂိုး သွင်းယူပေးထားသည်။

Mizzima

0 comments:

Post a Comment