Pages

Subscribe:

Sunday, May 10, 2015

ဂွာဒီယိုလာ နဲ့ မန်စီးတီး သဘောတူညီမှုရပြီလား



ဂွာဒီယိုလာ နဲ့ မန်စီးတီး သဘောတူညီမှုရပြီလား

beIN သတင်း ရဲ့အဆိုအရ ပယ်လီဂရီနီ ကို ဘိုင်ယန်မြူးနစ် နည်းပြ ဂွာဒီယိုလာ နဲ့ အစားထိုးဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ ဖေါ်ပြထားပါတယ်။

ဂွာဒီယိုလာ သည် ပြီးခဲ့သည့် သီတင်းပတ် က ဂျာမန်ဖလားမှ ထွက်ခဲ့ရပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွင် လည်း ဘာကာ ကို ၃-၀ ပြတ် ရှုံး နိမ့်ခဲ့ပြီးနောက် ဖိအားများအောက်ရောက်ရှိခဲ့ပါတယ်။

ပယ်လီဂရီနီ သည်လည်း ပရီးမီးယားလိဂ်ဖလားကို ချယ်ဆီးသို့ လွဲပြောင်းပေးရန် သေချာခဲ့ပြီး အက်ဖ်အေ ဖလားမှာလည်း ချန်ပီယံရှစ် အသင်း မစ်ဒယ်ဘရော့ ကို ရှုံးနိမ့်ပြီးထွက်ခဲ့ရပါတယ်။ ချန်ပီယံလိဂ် မှာလည်း ဘာကာ ကို ရှုံးပြီး ထွက်ခွာခဲ့ရပါတယ်။

မန်စီးတီး အသင်း မှာ ဖလား တစ်လုံးမှမရပဲ ပယ်လ်လီဂရီနီ ယခုအချိန်ထိ အသင်း မှာ ရှိနေတာက ကံကောင်းနေတာပါ၊ မေးခွန်း တစ်ခုက အမြဲ ရှိနေမှာလား ဆိုတာပါပဲ၊ """ဘယ်သူက အသင်းအတွက် ပိုကောင်းအောင်လုပ်ပေးနိုင်မှာလဲ""" ??

ပြီးခဲ့တဲ့ သတင်းပတ် အနည်းငယ်ကတည်း က ဂွာဒီယိုလာ ဟာ မြူးနစ်ကနေ ထွက်ခွာသွားဖို့ ဖိအားကြီးကြီးမားမား ရှိနေခဲ့ပြီး မန်စီးတီး အသင်းနဲ့ အကြိုသဘောတူညီမှု ရရှိခဲ့ပြီးပြီ လို့ beIN ကဖေါ်ပြခဲ့ပါတယ်။

#KS

Soccer Myanmar

0 comments:

Post a Comment