Friday, May 1, 2015
ရုပ်သံပြသခွင့် အစီအစဉ်သစ် က ရီးရဲ နဲ့ ဘာကာ အသင်းရဲ့ လက်ဝါးကြီးအုပ်စိုးမိုးမှုကို အဆုံးသတ်မည်
ရုပ်သံပြသခွင့် အစီအစဉ်သစ် က ရီးရဲ နဲ့ ဘာကာ အသင်းရဲ့ လက်ဝါးကြီးအုပ်စိုးမိုးမှုကို အဆုံးသတ်မည်
စပိန်တွင် ရုပ်သံစာချုပ်အသစ် ကို ပြီးခဲ့သည့် ကြာသာပတေး နေ့က ကြေညာ လိုက်ပြီးနောက် ဘာစီလိုနာ အသင်း နဲ့ ရီးရဲမက်ဒရစ် အသင်းတို့ရဲ့ ရုပ်သံလွှင့်ခ လက်ဝါးကြီး အုပ်ထားမှု ကို အဆုံးသပ်တော့မည်ဖြစ်ပါတယ်။
စပိန် နှစ်သင်း ဟာ ပြီးခဲ့သည့် နှစ်များက သူတို့ရဲ့ ကိုယ်ပိုင် သဘောတူညီမှုများဖြင့် ရုပ်သံထုတ်လွှင့်သည့် ကုမ္ပနီ နှင့် နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြပြီး လာလီဂါ မှာ ကြီးမားတဲ့ အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ယခုအချိန်မှာတော့ စပိန်အစိုးရက ရုပ်သံစာချုပ် သစ်ကို သဘောတူခွင့်ပြုခဲ့ပြီးနောက် အင်အားကြီး နှစ်သင်းရဲ့ လက်ဝါးကြီး အုပ်ထားမှုများ အဆုံးသတ်တော့မှာဖြစ်ပါတယ်။
ဘာကာ နဲ့ ရီးရဲ အသင်းတွေဟာ တစ်နှစ်ကို ရုပ်သံ ထုတ်လွှင့်ခ တစ်နှစ် ပေါင် သန်း ၁၅၀ ရရှိနေကြပြီး အဲဒီ ပမာဏ ဟာ တခြား အသင်းတွေထက် သုံးဆ ပိုမိုရရှိတာဖြစ်ပြီး ရုပ်သံလွှင့် ခ သဘောတူညီမှု အသစ်အရ ဘာက နဲ့ ရီးရဲ သည် တစ်သင်းချင်း စာချုပ် ချုပ်ဆိုခွင့်ရရှိတော့မည် မဟုတ်ကြောင်းသိရပါတယ်။
ရုပ်သံလွှင့်ခ သဘောတူညီမှု အသစ်အရ ရုပ်သံလွှင့်ခရဲ့ ၅၀ % ကို လာလီဂါ အသင်း ၂၀ အချိုးကြ ခွဲဝေရရှိကြမည်ဖြစ်ပြီး ကျန်သည့် ၅၀% ကို ပြီးခဲ့သည့် ဘောလုံးရာသီ ၅ ခု အတွင်း အသင်းတွေရဲ့ရပ်တည်မှု ၊ တိုက်ရိုက်သတင်းထုတ်လွှင့်မှု နှင့် လူမှုရေးလုပ်ငန်းများ အတွက် ရန်ပုံငွေ အဖြစ် အသုံးပြုသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ယခုသဘောတူညီမှုအရ ရီးရဲ နဲ့ ဘာကာ အသင်းတို့ပဲ အခြားအသင်းများထက် ပိုမိုဝင်ငွေရရှိနေမည်ဖြစ်ပါတယ်။ ဘာပြုလို့လဲဆိုရင် သူတို့ နှစ်သင်းဟာ စပိန်မှာ အင်အားအကြီးဆုံးအသင်းများဖြစ်နေပြီး အခြားအသင်းများထက်အောင်မြင်မှု ပိုမိုရရှိနေလို့ဖြစ်ပါတယ်။ ယခုသဘောတူညီမှု အသစ်ဟာ တခြားလာလီဂါ အသင်းများအတွက် မျှတမှုရှိစေရန် ပြီးခဲ့သည့် နှစ်များကတည်းက ဆွေးနွေးနေခဲ့ကြတာဖြစ်ပါတယ်။
"""အဓိက ရည်ရွယ်ချက်က အသင်းတွေအကြား ကြီးမားတဲ့ ဝင်ငွေ မညီမျှမှုတွေကို အဆုံးသတ်ဖို့ဖြစ်ပါတယ်""" လို့ စပိန် အားကစားဝန်ကြီး ဟိုဆေးအစ်ဂနာစီယိုဝဒ်စ် က ယခုသဘောတူညီမှု နဲ့ပတ်သက်ပြီး ကြာသာပတေးနေ့က ကြေညာခဲ့ပါတယ်။
အားကစား အတွင်းရေးမှူး မီဂွယ်ကာဒီနယ်လ် ကလည်း """ဒါဟာ မရှိမဖြစ်လိုအပ်ပါတယ်၊ ဒီနည်းလမ်းဟာ တခြား အင်အားကြီး လိဂ်တွေကို စပိန်ဟာ ရှုံးနိမ့်မှုရှိမှာမဟုတ်ပါဘူး၊ ဒါဟာ စပိန်ဘောလုံးလောက ရဲ့ သမိုင်းဝင်နေ့တနေ့ဖြစ်ပါတယ်""" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
နောက်ဆုံးအနေ နဲ့ စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဂျာဗီးယားတီဗက်စ် က """လိဂ်အသစ် တစ်ခုမွေးဖွားခဲ့ပါပြီ၊ ဒါဟာ တိုးတက်ဖို့အတွက်လိုအပ်ပြီး ကျွန်တော်တို့ရဲ့ ဘောလုံး အခန်းကဏ္ဌ တိုးတက်ဖို့ လိုအပ်ပါတယ်၊၊ စပိန် ဘောလုံးလောက ရဲ့ သမိုင်း စာမျက်နှာသစ် စတင်ပါပြီ""" လို့ပြောကြားခဲ့ပါတယ်။
#KS
Football Cafe
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment