Pages

Subscribe:

Wednesday, April 1, 2015

ခြေစမ်းပွဲတွင် စပိန်အသင်း ရှုံးနိမ့်ခဲ့ခြင်းအတွက် ဒယ်ဘော့စကေး စိတ်ပျက်နေ



ခြေစမ်းပွဲတွင် စပိန်အသင်း ရှုံးနိမ့်ခဲ့ခြင်းအတွက် ဒယ်ဘော့စကေး စိတ်ပျက်နေ

အင်္ဂါနေ့က အမ်စတာဒမ်တွင် နယ်သာလန်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်၌ ဂိုးသွင်းခွင့်များ ဖြုန်းတီးခဲ့ခြင်းအတွက် စိတ်ပျက်မိကြောင်း ဒယ်ဘော့စကေးက ပြောကြားလိုက်သည်။

ဥရောပ ချန်ပီယံအသင်းသည် လတ်တလော ယူရို ၂၀၁၆ ခြေစစ်ပွဲများတွင် မျှော်လင့်ထားသည့်အတိုင်း ခြေစွမ်းကောင်းများ ပြသနိုင်ခဲ့သော်လည်း ဇွန်လနောက်ပိုင်းမှ ယခုအချိန်အထိ ခြေစမ်းပွဲတစ်ပွဲမှ အနိုင်ရရှိခြင်း မရှိသေးပေ။

နယ်သာလန်နှင့် ပွဲတွင် စပိန်အသင်းသည် စတီဖန် ဒီဗရစ်ခ်ျနှင့် ဒါဗီကလက်ဆန်တို့၏ ၁၆ မိနစ်အတွင်း သွင်းဂိုးများဖြင့် ဂူစ်ဟစ်ဒင့်၏ အသင်းကို ရှုံးနိမ့်ခဲ့ပြီး ဂိုးသမား ကန်းနက် ဗာမားက စပိန်အသင်း၏ ဂိုးသွင်းရန် ကြိုးပမ်းမှုများကို ကာကွယ်သွားခဲ့သည်။

“ပထမပိုင်း ၂၀ မိနစ်မှာပဲ ကျွန်တော်တို့ အခက်ကြုံခဲ့ရပါတယ်။ ကျွန်တော်တို့ ဂိုးမသွင်းနိုင်တာကတော့ မဖြစ်သင့်တဲ့ ကိစ္စပါ။ ကျွန်တော်တို့က ပွဲကို စိုးမိုးနိုင်ခဲ့ပြီး ပင်နယ်တီ ဧရိယာအတွင်းမှာ အခွင့်အရေးတွေ ပိုရခဲ့မယ့် ဂိုးတစ်ဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး” ဟု ဒယ်ဘော့စကေးက ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကလပ်အသင်းတွင် ခြေစွမ်းပြသခဲ့ပြီးနောက် နိုင်ငံအသင်းတွင် ပထမဆုံး ပါဝင်ကစားခဲ့သည့် ဟွမ်မီနှင့် ဗီတိုလိုတို့၏ ခြေစွမ်းအပေါ် ကျေနပ်မိကြောင်း အသက် ၆၄ နှစ်အရွယ် စပိန်နည်းပြက ဆိုခဲ့သည်။

“ဒီကစားသမားသစ် နှစ်ယောက်က ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ဗီတိုလိုက အရမ်းကို တက်တက်ကြွကြွနဲ့ ကစားခဲ့ပြီး ဟွမ်မီကလည်း ဂိုးသွင်းနိုင်လုနီးပါး ဖြစ်ခဲ့ပါတယ်” ဟု ဒယ်ဘော့စကေးက ပြောကြားခဲ့သည်။

စပိန်အသင်းသည် ပြီးခဲ့သည့် နွေရာသီက ကမ္ဘာ့ဖလားတွင် နယ်သာလန်ကို ၅-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသည်။

Soccer Myanmar

0 comments:

Post a Comment