Pages

Subscribe:

Saturday, April 25, 2015

ဗီယက်နမ် ယူ၂၃ အသင်းနဲ့ ခြေစမ်းကစားဖို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ထံ ဖိတ်ကြား



ဗီယက်နမ် ယူ၂၃ အသင်းနဲ့ ခြေစမ်းကစားဖို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ထံ ဖိတ်ကြား

ဗီယက်နမ် ဘောလုံး အဖွဲ့ချုပ်ဟာ ဗီယက်နမ် ယူ၂၃ အသင်းနဲ့ မြန်မာ ယူ၂၃ အသင်းတို့ ခြေစမ်းပွဲ ကစားရန် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ထံ ဖိတ်ကြားခဲ့တယ်လို့ သိရပါသည်။ ‘လက်ရှိ အချိန်ထိတော့ ကစားမယ် မကစားဘူး မဆုံဖြတ် ရသေးပါဘူး။ ပြည်ပပြိုင်ပွဲ တိုက်မတိုက် ကြည့်ပြီမှ ဆုံးဖြတ်မှာပါ’လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဗီယက်နမ် ယူ၂၃ အသင်းကို ဂျပန်နည်းပြ ယူရာက ကိုင်တွယ်နေပြီး အာရှယူ၂၂ ခြေစစ်ပွဲမှာ အကောင်းဆုံး ဒုတိယခြေစစ်ပွဲ အောင်ထားတဲ့ အသင်းဖြစ်သည်။ မြန်မာယူ၂၃အသင်းကို ဦးကြည်လွင် ကကိုင်တွယ်နေပြီး ဧပြီလ၁၉ ရက်နေ့က စတင်လေ့ကျင့် နေပေမယ့် ကစားသမား အစုံအလင် ပါဝင်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Soccer Myanmar

0 comments:

Post a Comment