Pages

Subscribe:

Wednesday, April 29, 2015

သမိုင်းတစ်လျှောက် PFA တစ်နှစ်တာ အကောင်းဆုံး အသင်းတွင် မန်ယူ ကစားသမားများ အများဆုံးရွေးချယ်ခံရ



သမိုင်းတစ်လျှောက် PFA တစ်နှစ်တာ အကောင်းဆုံး အသင်းတွင် မန်ယူ ကစားသမားများ အများဆုံးရွေးချယ်ခံရ
Written by  အောင်ငြိမ်းသွေး

အင်္ဂလန်၊ ဧပြီ ၂၈။        ။ ပရီးမီးယားလိဂ်ဟု အမည်ပြောင်းလဲခေါ် ဆိုခဲ့သည့် ၁၉၉၂ ခုနှစ်က စတင်ပြီးရွေးချယ်ခဲ့သည့် PFA တစ်နှစ်တာ အကောင်းဆုံး အသင်း များတွင် မန်ယူကစားသမားများက အများဆုံးရွေးချယ် ခံခဲ့ရသည်။

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်တွင် မန်ယူ ကစားသမား များသည် အကောင်းဆုံး အသင်းတွင် ၇၅ ကြိမ် အထိရွေးချယ် ခံခဲ့ ရသည်။ မန်ယူနောက်ခံ လူဟောင်း ဂယ်ရီနဗီးလ်နှင့်တောင်ပံ ကစားသမားဟောင်း ဂစ်တို့မှာခြောက်ကြိမ်စီရွေးချယ် ခံခဲ့ရသည်။

မန်ယူအသင်း၏နောက် အကြိမ်အများ ဆုံးရွေးချယ်ခံ ရသည့်အသင်းမှာ အာဆင်နယ်ဖြစ်ပြီး ၄၂ ကြိမ်ရွေးချယ် ခံခဲ့ရသည်။

ယခုနှစ် အကောင်းဆုံး အသင်း တွင်ခြောက်ဦး အထိရွေးချယ် ခံခဲ့ရသည့် ချယ်လ်ဆီး အသင်းမှာ  ၂၉ ကြိမ်ရွေး ချယ်ခံရပြီး တတိယ အများဆုံး အရွေးခံရသည့် အသင်းဖြစ်သည်။ ချယ်လ်ဆီး၏နောက်တွင် လီဗာပူးလ် ၂၃ ကြိမ်၊ ဘလက်ဘန်း ၁၃ ကြိမ်၊ စပါး ၁၃ ကြိမ်နှင့် နယူးကာဆယ် ၁၂ ကြိမ်ရွေးချယ် ခံခဲ့ရသည်။

မန်စီးတီးအသင်းမှာမူ ၁၁ ကြိမ်သာ ရွေးချယ်ခံခဲ့ရသည်။ မန်စီးတီးအသင်းကို အာရတ်စော်ဘွား ရှိတ်မန်ဆာ မ၀ယ်ယူခင်က ဆိုလျှင်ရှောင်ရိုက်ဖီးလစ် တစ်ဦး သာရွေးချယ်ခံ ရဖူးသည်။

PFA တစ်နှစ်တာအကောင်းဆုံးအသင်းတွင် အကြိမ်အများဆုံးရွေးချယ်ခံခဲ့ရသူမှာ လီဗာပူးလ်အသင်းခေါင်းဆောင် ဂျရတ်ဖြစ်ပြီး ရှစ်ကြိမ်ရွေးချယ် ခံခဲ့ရသည်။ ၎င်း၏နောက်တွင် မန်ယူမှ ဂယ်ရီနီဗီးလ်နှင့် ရွိုင်ယန်ဂစ်၊ အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီနှင့် ကွင်းလယ်လူဟောင်း ဗီအဲရာ၊ ဘလက်ဘန်းနှင့် နယူး ကာဆယ် တိုက်စစ်မှူးဟောင်း အလန်ရှီးယားတို့ ကခြောက်ကြိမ်စီဖြင့် အများဆုံးရွေးချယ် ခံခဲ့ရသည်။

မန်ယူအသင်းမှ နောက်ခံလူဟောင်း ရီယိုဖာဒီနန်နှင့် ကွင်းလယ်လူဟောင်း ရွိုင်ကိန်းတို့မှာ ငါးကြိမ်စီ ရွေးချယ်ခံခဲ့ရဖူးသည်။

Ref: Daily Mail

Mizzima

0 comments:

Post a Comment