Pages

Subscribe:

Sunday, April 26, 2015

လိုအပ်ချက်များကြောင့် MIC အသင်း အာရှဖူဆယ် ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲသို့ ဝင်ပြိုင်ခွင့် မရ



လိုအပ်ချက်များကြောင့် MIC အသင်း အာရှဖူဆယ် ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲသို့ ဝင်ပြိုင်ခွင့် မရ
Written by  ရဲရင့်ဋ္ဌေး

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၄ မြန်မာ ဖူဆယ်လိဂ်ချန်ပီယံ MIC အသင်းမှာ အာရှဖူဆယ် ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ပြိုင်ခွင့်ရရန် ကြိုးပမ်းခဲ့သော်လည်း လိုအပ်ချက်များကြောင့် ၀င်ခွင့်မရခဲ့ဟု အသင်းပိုင်ရှင် ဦးဖြိုးမောင်မောင်က ပြောသည်။

မြန်မာဖူဆယ်လိဂ် အဆင့်အတန်း နိမ့်ကျခြင်း၊ အိမ်ကွင်း မရှိခြင်းစသည့် အချက်များအပြင် အခြေခံလိုအပ်ချက်များစွာကြောင့် အာရှဖူဆယ်အဖွဲ့ချုပ်မှ MICအသင်း၏ ကြိုးပမ်းမှုကို ပယ်ချခဲ့ခြင်းဖြစ်သည်။ 'ကျွန်တော်တို့ဆီမှာက လိုအပ်ချက်များစွာ ရှိပါတယ်။ သူတို့က ကျွန်တော်တို့လိဂ်ကို ပရိုလိဂ်လို့ မသတ်မှတ်ပါဘူး။ အိမ်ကွင်းမရှိတာကလည်း အားနည်းချက်ထဲမှာ ပါပါတယ်။ ' ဟု ဦးဖြိုးမောင်မောင်က ဆိုသည်။

MIC အသင်းမှာ ယခုနှစ် ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက် လာမည့်နှစ် ရာသီအတွက် ပြင်ဆင်မှုများ ဆက်လက်ပြုလုပ်နေပြီး အိမ်ကွင်းတည်ဆောက်ရန်လည်း စီစဉ်ထားသည်။ အာရှဖူဆယ် ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာဖူဆယ် ကလပ်အသင်းတစ်သင်းဖြစ်သော ACE ဖူဆယ်အသင်း ၂၀၁၂ခုနှစ်တွင် ၀င်ပြိုင်ခွင့်ရခဲ့သော်လည်း ခြေစစ်ပွဲတွင် ထိုင်းကလပ် Bank RBAC အသင်းကို ၁၂-၂ ဂိုး၊ အင်ဒိုနီးရှားကလပ် ပီလင်ဒိုအသင်းကို ၈-၂ ဂိုးတို့ဖြင့် နှစ်ပွဲစလုံးဂိုးပြတ်ရှုံးကာ နောက်ဆုံးအဆင့်ပြိုင်ပွဲနှင့် လွဲချော်ခဲ့ရသည်။

Mizzima

0 comments:

Post a Comment