Pages

Subscribe:

Wednesday, April 29, 2015

မန်စီးတီး တိုက်စစ်မှူး ဂျိုဗီတစ်ကို ခေါ်ယူရန် လီဗာပူးလ် စိတ်ဝင်စားနေ



မန်စီးတီး တိုက်စစ်မှူး ဂျိုဗီတစ်ကို ခေါ်ယူရန် လီဗာပူးလ် စိတ်ဝင်စားနေ

လီဗာပူးလ်သည် နွေရာသီတွင် မန်ချက်စတာ စီးတီး တိုက်စစ်မှူး စတီဗန်ဂျိုဗီတစ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

ဘရန်ဒန်ရော်ဂျာ၏ အသင်းသည် ယခုနှစ် ဘောလုံး ရာသီတွင် ဂိုးသွင်းစွမ်းရည် လျော့နည်းခဲ့ပြီး အပြောင်းအရွှေ့ ရာသီတွင် တိုက်စစ် အင်အား တိုးမြှင့်ရန် ဆန္ဒ ရှိနေသည်။ လီဗာပူးလ်သည် ၂၀၁၄ ခုနှစ် သြဂုတ်လက မာရီယို ဘာလော့တယ်လီကို အေစီမီလန်မှ ခေါ်ယူ ခဲ့သော်လည်း အီတလီ တိုက်စစ်မှူး အနေဖြင့် အင်္ဂလန်တွင် ခြေစွမ်း ပြသနိုင်ခြင်း မရှိဘဲ အန်ဖီးလ်သို့ ပြောင်းရွှေ့ပြီးနောက် ပရီးမီးယားလိဂ်တွင် တစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

လီဗာပူးလ်သည် မန်ချက်စတာ ယူနိုက်တက်မှ စိတ်ဝင်စားနေသည့် ဒတ်ခ်ျကစားသမား မမ်ဖစ်ဒီပေးကို ခေါ်ယူရာတွင် အသာစီး ရနေသလို ဂျိုဗီတစ်ကို ခေါ်ယူရန် အတွက်လည်း အလေးသာလျက် ရှိနေကြောင်း Goal မှ ဖော်ပြခဲ့သည်။ မန်စီးတီးသည် နွေရာသီတွင် ဂျိုဗီတစ်ကို ရောင်းချသွားဖွယ် ရှိသော်လည်း အသက် ၂၅ နှစ် အရွယ် ကစားသမား အနေဖြင့် စီးရီးအေသို့ ပြောင်းရွှေ့ရန် ဆန္ဒ ရှိနေသည်။

ဂျိုဗီတစ်သည် အင်္ဂလန်တွင် စတင်ခြေချသည့် နှစ်တွင်ပင် ဒဏ်ရာ ရရှိခဲ့ပြီး ယခုနှစ် ဘောလုံး ရာသီတွင် ပရီးမီးယားလိဂ် ၉ ပွဲသာ ပွဲထွက်ပါဝင် ကစားခဲ့ရသည်။ ၎င်းသည် စုစုပေါင်း ၁၇ ပွဲသာ ကစားထားရပြီး ၅ ဂိုး သွင်းယူနိုင်ခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment