Pages

Subscribe:

Thursday, April 23, 2015

ဟာနန်ဒက်ဇ်ရဲ့ နောက်ကျအနိုင်ဂိုးနဲ့ ရီးရဲလ်မက်ဒရစ် ဆီးမီးဖိုင်နယ်တက်ရောက်



ဟာနန်ဒက်ဇ်ရဲ့ နောက်ကျအနိုင်ဂိုးနဲ့ ရီးရဲလ်မက်ဒရစ် ဆီးမီးဖိုင်နယ်တက်ရောက်

မန်ယူအသင်းထံကနေ ရီးရဲလ်မက်ဒရစ်ဆီကိုရောက်ရှိနေတဲ့ တိုက်စစ်မှူး ဟာနန်ဒက်ဇ်ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် ရီးရဲလ်မက်ဒရစ်ဟာ မြို့ခံပြိုင်ဘက် အသလက်တီကိုအသင်းကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ နှစ်ကျော့မှ ဟာနန်ဒက်ဇ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုး တစ်ဂိုးကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရချိန်ရောက်မှ ဟာနန်ဒက်ဇ်ကို ပွဲထွက်ခွင့်ပေးခဲ့မယ့်လည်း သူကတော့ အသင်းအတွက် အလွန်အရေးပါတဲ့ အနိုင်ဂိုးကို ၈၈ မိနစ်အရောက်မှာ သွင်းပေးနိုင်ခဲ့ပါတယ်။ ဒဏ်ရာရာပွဲပယ်များပြားနေတဲ့ ရီးရဲလ်မက်ဒရစ်ဟာ နောက်ခံလူရာမို့စ်ကို ကွင်းလယ်တက်ကစားစေခဲ့ပြီး အစ္စကို၊ ရော်နယ်ဒို၊ ဟာနန်ဒက်ဇ်တို့ရဲ့ တိုက်စစ်အတွဲနဲ့ ထိုးဖောက်ခဲ့တာဖြစ်ပါတယ်။ အသလက်တီကိုအသင်းကလည်း တိုက်စစ်မှူး မန်ဇူကစ်၊ ဂရိဇ်မန်းတို့ရဲ့ တိုက်စစ်အတွဲနဲ့ ရီးရဲလ်မက်ဒရစ်ကို ထိုးဖောက်ခဲ့တာဖြစ်ပါတ်။
ရီးရဲလ်မက်ဒရစ်ဟာ ဒီပွဲကိုအနိုင်ယူနိုင်လိုက်လို့ မနှစ်ကချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးကတည်းက အသလက်တီကို အသင်းကို အနိုင်မရသေးတဲ့ စံချိန်ကိုလည်း ချိုးဖျက်လိုက်နိုင်ခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်မှာ ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီမှာ အသလက်တီကိုနဲ့ ပြိုင်ပွဲစုံ ၇ ပွဲလောက်တွေ့ဆုံခဲ့ပြီး တစ်ပွဲမှ အနိုင်မရခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၇၆ မိနစ်မှာ အသလက်တီကိုအသင်းဘက်က ကွင်းလယ်လူ အာဒါတူရန် နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပါသေးတယ်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဟာနန်ဒက်ဇ်ဟာ ပထမပိုင်းပွဲချိန် ခပ်စောစောမှာတင် ဂိုးရနိုင်တဲ့ အခွင့်အရေးတစ်ချို့ ရခဲ့ပေမယ့် အဆုံးသတ်တွေ ညံ့ဖျင်းခဲ့တာကြောင့် ဂိုးမရပဲ ဖြစ်နေခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အသင်းက ဒီပွဲမှာ အသာစီးရခဲ့ပြီး ဂိုးရဖို့ ထိုးဖောက်ခွင့်များစွာ ရခဲ့ပေမယ့် အသလက်တီကိုရဲ့ ဂိုးသမားအော့ဘလက် လက်စွမ်းပြနေတာကြောင့် ဂိုးစောစောမရပဲ ဖြစ်နေခဲ့တာပါ။ ပထမပိုင်းပြီးဆုံးခါနီးမှာ ရော်နယ်ဒိုရဲ့ ဂိုးရလုနီးနီးကန်ချက်ကိုလည်း ဂိုးသမားအော့ဘလက် ကာကွယ်နိုင်ခဲ့ပါသေးတယ်။
ပွဲချိန် ၇၆ မိနစ်မှာ ဘောလုံးဖျက်ဖို့ ကြိုးစားနေတဲ့ ရာမို့စ်ကို အာဒါတူရန်က ဥပဒေပကစားခဲ့လို့ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ပွဲစတတင်ကစားကတည်းက စိုးမိုးထားတဲ့ ရီးရဲလ်မက်ဒရစ်ဟာ တစ်ယောက်လျော့သွာတဲ့ အသလက်တီကိုအသင်းကို ပိုပြီး စိုးမိုးလာခဲ့ပါတယ်။ ပွဲချိန် ၈၈ မိနစ်အရောက်မှာတော့ ဂိုးဧရိယာထဲဆွဲဝင်လာတဲ့ ရော်နယ်ဒိုက ဟာနန်ဒက်ဇ်ဆီ အရောက်ပို့လိုက်တဲ့ ဘောလုံးကို ဟာနန်ဒက်ဇ်က ဂိုးအဖြစ်ပြောင်းလဲလိုက်တာဖြစ်ပါတယ်။
ပွဲပြီးခါနီးမှာ ဂိုးပေးလိုက်ရလို့ အသလက်တီကိုဘာမှမတက်နိုင်တော့ပဲ ပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ်က နှစ်ကျော့ပေါင်းရလဒ် ၁-၀ ဂိုးနဲ့ နောက်တဆင့် တက်သွားခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်က အသာစီးရလေ့ရှိတဲ့ အစဉ်အလာကိုလည်း ဆက်ထိန်းနိုင်ခဲ့ပါတယ်။

Soccer Myanmar

0 comments:

Post a Comment