Pages

Subscribe:

Saturday, April 25, 2015

ဒိုင်ဘာလာ အတွက် ပါလာမိုနှင့် ဂျူဗင်တပ်စ် ဆွေးနွေးနေကြောင်း မာရော့တာ အတည်ပြု



ဒိုင်ဘာလာ အတွက် ပါလာမိုနှင့် ဂျူဗင်တပ်စ် ဆွေးနွေးနေကြောင်း မာရော့တာ အတည်ပြု

ကြယ်ပွင့် တိုက်စစ်မှူး ပေါ်လိုဒိုင်ဘာလာကို ခေါ်ယူရန်အတွက် ပါလာမိုနှင့် ဆွေးနွေးနေကြောင်း ဂျူဗင်တပ်စ် အထွေထွေ ဒါရိုက်တာ ဂူဆက်ပီ မာရော့တာက အတည်ပြုပြောကြားခဲ့သည်။ သို့သော်လည်း သဘောတူညီမှု ရရှိရေးမှာ ခက်ခဲနေကြောင်း ၎င်းက ဆိုခဲ့သည်။
ဒိုင်ဘာလာသည် ယခုနှစ် စီးရီးအေ ဘောလုံးရာသီတွင် ခြေစွမ်းပြသနေသည့် ကစားသမားတစ်ဦး ဖြစ်ပြီး ပွဲ ၃၀ ကစားကာ ၁၃ ဂိုး သွင်းယူထားသူ ဖြစ်သည်။ ၎င်း၏ ခြေစွမ်းပြသမှုကြောင့် ဂျူဗင်တပ်စ်အပြင် အင်တာမီလန်၊ အာဆင်နယ်နှင့် ချယ်ဆီးတို့၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ ကစားသမား၏ အေးဂျင့်ဖြစ်သူကမူ ချယ်ဆီးအနေဖြင့် ဒိုင်ဘာလာအတွက် ယူရို ၄၁ သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း ဆိုထားသည်။
ဂျူဗင်တပ်စ်သည် အသင်း၏ ထိပ်တန်းဂိုးသွင်းရှင် ကားလို့စ်တီဗက်ဇ်က ဘိုကာဂျူနီယာသို့ ပြန်ရန် စဉ်းစားနေသောကြောင့် တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန်အတွက် ဒိုင်ဘာလာကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။
သို့သော်လည်း အီတလီ ချန်ပီယံအသင်းအနေဖြင့် ဒိုင်ဘာလာကို ခေါ်ယူလိုကြောင်း ဝန်ခံခဲ့ပြီး ပါလာမို အသင်းဥက္ကဋ္ဌ မော်ရီဇီယို ဇမ်ပါရီနီက ကစားသမားအတွက် ယူရို သန်း ၅၀ တောင်းဆိုထားကြောင်း ဆိုခဲ့သည်။
“ဒိုင်ဘာလာအတွက် ကျွန်တော်တို့ ဇမ်ပါရီနီနဲ့ ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ ညှိနှိုင်းဆောင်ရွက်မှုက ခက်ခဲပါတယ်” ဟု ဂျူဗင်တပ်စ် ဒါရိုက်တာက La Gazzetta dello Sport ထံ ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment