Pages

Subscribe:

Sunday, April 26, 2015

ဟာဇတ် ကို လိုချင်ရင် ပေါင် သန်း ၂၀၀ နှင့် ရိုနယ်လ်ဒို ကို အလိုက်ပေးရမည် (မော်ရင်ညို)



ဟာဇတ် ကို လိုချင်ရင် ပေါင် သန်း ၂၀၀ နှင့် ရိုနယ်လ်ဒို ကို အလိုက်ပေးရမည် (မော်ရင်ညို)

ဟာဇတ် ကို လိုချင်ရင် ပေါင် သန်း ၂၀၀ နှင့် ရီးရဲမက်ဒရစ် အသင်းရဲ့ အကောင်းဆုံး ကစားသမား သုံးရောက်ထဲ က တစ်ယောက် နှင့် အလိုက်ပေးလဲရမည်လို့ မော်ရင်ညို က ရီးရဲ မက်ဒရစ် ကို သတိပေးပြောကြားလိုက်ပါတယ်။

ဟာဇတ် သည် ယနေ့ည လန်ဒန် မှာ ကျင်းပမည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု ရရှိရန် နီးစပ်လျှက်ရှိနေပါတယ်။ ရီးရဲ ရဲ့ သင်္ကေတ ကစားသမားဟောင်း ဇီဒန်း က ဟာဇတ် ကို ရီးရဲမက်ဒရစ် သို့ ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ဖေါ်ပြခဲ့ပါတယ်။

ရီးရဲမက်ဒရစ် အသင်း က သူတို့ရဲ့ ကစားသမားကို ခေါ်ယူရန် စောင့်ကြည့်နေတယ်ဆိုတာ ချယ်ဆီးမန်နေဂျာ မော်ရင်ညို က သိရှိထားပါတယ်။

ဒါပေမဲ့ """ဟာဇတ် ကို ခေါ်ယူချင်ရင် ပေါင် သန်း ၁၀၀ နဲ့ သူတို့ရဲ့ အကောင်းဆုံးကစားသမား သုံးယောက်ဖြစ်တဲ့ ရိုနယ်လ်ဒို၊ ရိုဒရီဂွက်စ်၊ ဘေးလ် တို့ ထဲ က တစ်ယောက်ကို အလိုက်ပေးခေါ်ရပါမယ်။ မဟုတ်သေးဘူး၊ ခြေထောက်တစ်ချောင်း ပေါင်သန်း ၁၀၀ ပါ၊ ဘာပြုလို့လဲဆိုတော့ ဟာဇတ် က အရမ်း ငယ်ပါသေးတယ်""" လို့ မော်ရင်ညို က ပြောကြားခဲ့ပါတယ်။

#KS

Football Cafe

0 comments:

Post a Comment