Pages

Subscribe:

Wednesday, April 22, 2015

ချယ်လ်ဆီးကို အာဆင်နယ် ကစားကွက်အသာစီး ရနိုင်မည်ဟု ကီအွန်းမျှော်လင့်



ချယ်လ်ဆီးကို အာဆင်နယ် ကစားကွက်အသာစီး ရနိုင်မည်ဟု ကီအွန်းမျှော်လင့်

ချယ်လ်ဆီးနှင့် ပွဲစဉ်တွင် အာဆင်နယ် အနေဖြင့် ကစားကွက် အသာစီး ရရှိမည်ဟု မျှော်လင့်ကြောင်း မာတင်ကီအွန်းက မှတ်ချက်ပြု ပြောကြားလိုက်သည်။

အာဆင်နယ်၏ ဂန္ထဝင် ခံစစ်မှူးဟောင်းကြီးက လန်ဒန်ဒါဘီအဖြစ် အမ်းမရိတ်စ်တွင် နှစ်သင်းထိပ်တိုက် တွေ့ဆုံရာ၌ အာဆင်နယ်က လက်ရှိ အမှတ်ပေးဇယား ဦးဆောင်သူ ချယ်လ်ဆီးကို ရှိန်မနေဘဲ ကွင်းလယ်ပိုင်းမှ တိုက်စစ်ဆင်လိမ့်မည်ဟု ယုံကြည်နေသည်။ ချယ်လ်ဆီးသည် မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ကစားခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးသိမ်းပိုက်ရန် လက်တစ်ကမ်း အလိုထိ နီးစပ်လာခဲ့ပြီ ဖြစ်သည်။ အာဆင်နယ်ကမူ ပရီးမီးယားလိဂ်တွင် (၉)ပွဲဆက် အနိုင်ယူကာ ချယ်လ်ဆီးနောက် (၁၀)မှတ်အကွာ အမှတ်ပေးဇယား အဆင့်(၂)တွင် ရှိနေသည်။

ကီအွန်းက “မန်နေဂျာ အာစင်ဝင်းဂါးဟာ အာဆင်နယ် ကွင်းလယ်မှာ ခံစစ်သမားနှစ်ယောက် တွဲပြီး ခင်းကျင်းတာမျိုး လုပ်လေ့မရှိပါဘူး။ သူက ကွင်းလယ်မှာ ဖန်တီးမှုပိုင်းကို အဓိက အားပြု ကစားစေတာမျိုးကို သဘောကျလေ့ ရှိတယ်။ အဲဒီအပိုင်းက ဒီရာသီ ချယ်လ်ဆီးမှာ အားအနည်းဆုံး ကဏ္ဍပဲ။ ဆက်စ်ဖာဘရီဂက်စ်နဲ့ နီမန်ယာမာတစ်တို့ဟာ ချယ်လ်ဆီး ကွင်းလယ်မှာ အတူတွဲ ကစားတယ်။ ဒီအခြေအနေမှာ ကွင်းလယ်ချင်းယှဉ်ရင် ဘယ်ဘက်က ဟန်ချက်ပိုညီမလဲ ဆိုတာက အဓိက ပြောစရာ ဖြစ်လာတယ်။ အာဆင်နယ်ဟာ ချယ်လ်ဆီးရဲ့ ဒီအားနည်းချက်ကို ကြည့်လိမ့်မယ်။ ချယ်လ်ဆီးဘက်ကလည်း ကွင်းလယ်မှာ လူတစ်ယောက် အပိုထည့်ပြီး ကစားတာမျိုး လုပ်လာနိုင်တယ်။ ချယ်လ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုဟာ ပြိုင်ဘက်အသင်းရဲ့ ကစားကွက်ကို ဖြတ်တောက် ဟန့်တားရာမှာ အသင့်တော်ဆုံးဖြစ်မယ့် နည်းဗျူဟာပိုင်းကို ကျွမ်းကျွမ်းကျင်ကျင် ရှာဖွေတတ်သူပါ။ ဝင်းဂါး အနေနဲ့ ဒီအပိုင်းကိုတော့ သတိထားရမယ်”ဟု ဆိုသည်။

၎င်းက “ချယ်လ်ဆီးကို အာဆင်နယ် မနိုင်ခဲ့တာ ကြာပါပြီ။ ဒီရာသီ ခြေစွမ်းအရ ချယ်လ်ဆီးဟာ ချန်ပီယံဆုနဲ့လည်း တကယ်ထိုက်တန်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ထဲမှာ အာဆင်နယ်အပေါ် ယုံကြည်မှုက ပိုပြီး မြင့်တက်လာစေပါတယ်။ အသင်းမှာ အချင်းချင်း ယှဉ်ပြိုင်ကြိုးစားမှုတွေက အာဆင်နယ်ကို အထောက်အပံ့ ဖြစ်လာစေတယ်။ ကစားသမားတွေ အနေနဲ့လည်း ချယ်လ်ဆီးနဲ့ပွဲအတွက် တက်ကြွနေကြပြီလို့ ကျွန်တော်ထင်ပါတယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment