Pages

Subscribe:

Thursday, April 23, 2015

ဆလို ဘေးနီးယား နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ ယူ-၂၀ အသင်း ခြေစမ်းပွဲတွေ ထပ်မံ ကစားဖို့ စီစဉ်နေ



ဆလို ဘေးနီးယား နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ ယူ-၂၀ အသင်း ခြေစမ်းပွဲတွေ ထပ်မံ ကစားဖို့ စီစဉ်နေ

ဆလိုဘေးနီးယား နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ ယူ-၂၀ အသင်းဟာ ခြေစစ်ပွဲတွေ ထပ်မံ ကစားရန် စီစဉ်နေတယ်လို့ သိရပါသည်။
“ကျွန်တော်တို့ အနေနဲ့ ခြေစမ်းပွဲတွေ ဆက်တိုက် ကစား သွားမှာပါ။ အခု အချိန်ထိတော့ ဘယ်အသင်းတွေနဲ့ ကစား သွားမယ်လို့ မပြောနိုင်သေး ပါဘူး။ နေထိုင်စဉ် ကာလ အတွင်းမှာ ညှိနှိုင်းလို့ ရတဲ့ ဘောလုံးကလပ် အသင်းတွေနဲ့ ခြေစမ်းပွဲ ကစားသွားမှာပါ” ဟု့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။
မြန်မာ ယူ-၂၀ ဘောလုံး အသင်းဟာ လက်ရှိ အချိန်ထိ ခြေစမ်းပွဲ ဆယ်ပွဲခန့် ကစားထားပြီး ရလဒ်ကောင်းတွေ ရရှိထားတယ်လို့ သိရပါသည်။ ယူ-၂၀ ကမ္ဘာ့ဖလားကို လာမယ့် မေလ ၃၀ရက်နေ့ မှ နယူးဇီးလန် နိုင်ငံမှာ ကျင်းပမှာ ဖြစ်ပြီး မြန်မာယူ-၂၀အသင်းဟာ အမေရိကန်၊ ယူကရိန်းနှင့် အိမ်ရှင် နယူးဇီးလန် အသင်းတို့နဲ့ အုပ်စု(က)မှာ ကျရောက် နေတယ်လို့ သိရပါသည်။

Soccer Myanmar

0 comments:

Post a Comment