Pages

Subscribe:

Thursday, April 23, 2015

တွဲဖက်ကစားခဲ့ဖူးသမျှ ကစားသမားများတွင် ဂျရတ်က အကောင်းဆုံး ဖြစ်ကြောင်း တောရက်စ်ချီးကျူး



တွဲဖက်ကစားခဲ့ဖူးသမျှ ကစားသမားများတွင် ဂျရတ်က အကောင်းဆုံး ဖြစ်ကြောင်း တောရက်စ်ချီးကျူး

လီဗာပူးလ် အသင်းဖော်ဟောင်း စတီဗင်ဂျရတ်သည် မိမိ တွဲဖက် ကစားခဲ့ဖူးသည့် ကစားသမားများအနက် အကောင်းဆုံး ဖြစ်ကြောင်း ဖာနန်ဒို တောရက်စ်က ချီးကျူး ပြောကြားလိုက်သည်။

အန်ဖီးလ်တွင် သုံးနှစ်ခွဲခန့် ကစားခဲ့သည့် အသက် ၃၁ နှစ်အရွယ် စပိန် တိုက်စစ်မှူးသည် ၁၄၂ ပွဲတွင် ၈၁ ဂိုး သွင်းယူခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် ဇန်နဝါရီတွင် ချယ်ဆီးသို့ ပေါင် သန်း ၅၀ ဖြင့် ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။

ချယ်ဆီးနှင့်အတူ ချန်ပီယံလိဂ်နှင့် အက်ဖ်အေဖလားကို ရယူခဲ့သည့်အပြင် စပိန်အသင်းနှင့် ဥရောပချန်ပီယံ နှစ်ကြိမ်နှင့် ကမ္ဘာ့ဖလား တစ်ကြိမ် ရရှိခဲ့သည့် တောရက်စ်က မိမိအနေဖြင့် အင်ဒရီအင်နီယေစတာ၊ ဇာဗီ၊ ဒီဒီယာ ဒရော့ဂ်ဘာ၊ ဖရန့်ခ်လမ်းပတ်နှင့် အီဒင်ဟာဇက်တို့နှင့် တွဲဖက် ကစားရသည်ကို နှစ်သက်သော်လည်း လီဗာပူးလ် အသင်းခေါင်းဆောင်က မိမိ အနှစ်သက်ဆုံး ကစားသမား ဖြစ်ကြောင်း ဆိုခဲ့သည်။

“ကျွန်တော့် ကစားသမားဘဝမှာ သိပ်ကောင်းတဲ့ ကစားသမား အများကြီးနဲ့ တွဲဖက်ကစားခဲ့ဖူးတော့ ဘယ်သူက ပိုကောင်းသလဲဆိုတာကို ပြောဖို့ခက်ပါတယ်။ အကောင်းဆုံးကို ရွေးချယ်ရမယ်ဆိုရင်တော့ ဂျရတ်ကိုပဲ ရွေးချယ်မှာပါ။ သူက ကျွန်တော့် ကစားသမားဘဝမှာ အတူတွဲဖက် ကစားခဲ့ဖူးတဲ့ အကောင်းဆုံး ဘောလုံးသမား ဖြစ်ပါတယ်” ဟု တောရက်စ်က ပြောကြားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment