Pages

Subscribe:

Thursday, April 30, 2015

ပရီးမီးယားလိဂ်၏ ဂိုးသွင်း အများဆုံး ခံစစ်မှူး စံချိန်၌ တယ်ရီ ပူးတွဲရပ်တည်



ပရီးမီးယားလိဂ်၏ ဂိုးသွင်း အများဆုံး ခံစစ်မှူး စံချိန်၌ တယ်ရီ ပူးတွဲရပ်တည်

လက်ဆက်စတာ စီးတီးနှင့် ပွဲစဉ်တွင် ဂိုးသွင်းနိုင် ခဲ့ပြီးနောက် ချယ်လ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီသည် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ခံစစ်မှူး အဖြစ် ပူးတွဲ စံချိန်တင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

အင်္ဂလန် ဗဟိုနောက်ခံ ကစားသမားသည် ကင်းပါဝါကွင်းကြီးတွင် (၃-၁)ဖြင့် အနိုင်ရသည့် ပွဲစဉ်၌ ဂိုးသမား ကက်စ်ပါ ရှမိုက်ကယ်နှင့် အနီးကပ် အနေအထားမှ ပိတ်သွင်းသည့်ဂိုးကြောင့် ၎င်း၏ ကစားသမား ဘဝတစ်လျှောက် (၃၈)လုံးမြောက် ပရီးမီးယားလိဂ် သွင်းဂိုးကို ရရှိခဲ့သည်။ အဆိုပါ အခြေအနေက အဲဗာတန် ခံစစ်မှူးဟောင်း ဒေးဗစ်အန်းဆွော့သ်၏ သွင်းဂိုး စံချိန်နှင့် တူညီလာစေသည်။ သို့သော်လည်း အန်းဆွော့သ်သည် အဲဗာတန်၏ ပုံမှန် ပင်နယ်တီ ကန်သွင်းသူ ဖြစ်ခဲ့သလို အလွတ် တည်ကန်ဘောများမှလည်း ဂိုးများ သွင်းယူနိုင်ခဲ့ရာ ပွဲကစားချိန်အတွင်း ဂိုးများရယူနိုင်သည့် တယ်ရီ၏ စွမ်းဆောင်မှုက ပိုမိုအထင်ကြီးစရာ ဖြစ်ခဲ့သည်။

အန်းဆွော့သ်သည် အင်္ဂလန် လက်ရွေးစင်အဖြစ် တစ်ကြိမ်သာ ကိုယ်စားပြုဖူးပြီး အင်္ဂလန် ကလပ်အသင်း (၁၀)ခုမျှကို ပြောင်းရွှေ့ကစားခဲ့သည်။ ၎င်းသည် အားပါပြင်းထန်သော ဘယ်ခြေကန်ချက်များအတွက် နာမည်ကျော်ပြီး လက်ရှိ အဲဗာတန် ဘယ်နောက်ခံလူ လေတန်ဘိန်းစ်သည်လည်း အန်းဆွော့သ်နှင့် ခိုင်းနှိုင်းခံရလေ့ ရှိသည်။ အဲဗာတန်အတွက် ပြစ်ဒဏ်ဘောနှင့် ပင်နယ်တီများ ပုံမှန်တာဝန်ယူ ကန်လေ့ရှိသည့် ဘိန်းစ်သည် ယခုအခါ ပရီးမီးယားလိဂ်၌ (၂၃)ဂိုးထိ သွင်းယူထားပြီး ဖြစ်သည်။

ချယ်လ်ဆီးသည် လက်ဆက်စတာကို အဝေးကွင်းတွင် အနိုင် ရရှိခဲ့သည့်နောက် တနင်္ဂနွေနေ့တွင် အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ဂ်ျ၌ ခရစ္စတယ်လ်ပဲလေ့စ်ကို ဆက်လက် အနိုင်ရပါက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်မည် ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment