Pages

Subscribe:

Wednesday, April 29, 2015

လူငယ် အမှတ်ပေး ဇယားကို ရန်ကုန် ဦးဆောင်ကာ ရတနာပုံနှင့် ဇွဲကပင် ပွဲပျက်



လူငယ် အမှတ်ပေး ဇယားကို ရန်ကုန် ဦးဆောင်ကာ ရတနာပုံနှင့် ဇွဲကပင် ပွဲပျက်
Written by  သောကြာ

ဧပြီ ၂၉၊ ရန်ကုန်။        ။ ၂၀၁၅ ခုနှစ် အသက် ၂၁ နှစ်အောက် နေရှင် နယ်လိဂ် လူငယ်  အမှတ်ပေးဘောလုံး ပြိုင်ပွဲ ပွဲစဉ် ၁၀ ပွဲစဉ် အပြီးတွင်ရန်ကုန် လူငယ် အသင်းက အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီး ရတနာပုံအသင်းနှင့် ဇွဲကပင်အသင်းတို့ ပွဲစဉ်မှာ ပွဲပျက်ခဲ့သည်။

ရန်ကုန် အသင်းက မနောမြေ အသင်းကို ၂-၁  ဂိုးဖြင့်  အနိုင်  ရခဲ့ပြီး  ခုနစ်ပွဲ နိုင်၊ နှစ်ပွဲ သရေ၊  တစ်ပွဲ ရှုံး ရမှတ် ၂၃ မှတ်ဖြင့် အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင် ခဲ့သည်။ ဧပြီ ၂၇ ရက်က စလင်းကွင်းတွင်  ကစားခဲ့သည့် ဇွဲကပင်  အသင်းနှင့် ရတနာပုံ  အသင်း  တို့ပွဲစဉ်၌ ပွဲချိန် မိနစ် ၈၀ကျော်၊ တစ်ဖက်နှစ် ဂိုးစီ သရေကျနေ ချိန်တွင် စည်းကြပ်ဒိုင်နှင့် ဇွဲကပင် အသင်း ကစားသမား များအချင်းများခဲ့ ပြီးဘောလုံးပွဲကို ရပ်နားသည် အထိဖြစ်ခဲ့သည်။

လက်ရှိ အချိန် တွင်ဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်း သိမ်းရေးကော်မတီမှ အဆိုပါ ပွဲစဉ် အတွက်  စည်းကမ်း ထိုင်းသိမ်းရေး ထိုင်နေပြီး ပွဲရလဒ်ကို မည်ကဲ့သို့ ထုတ်ပြန်မည်ကို မသိရှိရသေးပေ။ ပွဲစဉ် ၁၀ အခြားပွဲရလဒ်များတွင် ရခိုင်ယူနိုက်တက်အသင်းက ဟံသာဝတီအသင်းကို ၁-၀ ဂိုး၊ ဧရာဝတီအသင်း ကဇေယျာေ ရွှမြေ အသင်းကို ၃-၂ ဂိုး၊ ကမ္ဘောဇအသင်းက မကွေး အသင်းကို ၁-၀ ဂိုး၊ MFF Youth အသင်းက ချင်းယူနိုက်တက်အသင်းကို ၂-၁ ဂိုးတို့ဖြင့် အသီးသီး အနိုင် ရခဲ့ကြသည်။

ဇေယျာရွှေမြေ အသင်းနှင့် ဟံသာဝတီ အသင်း တို့သည် ပွဲစဉ် ၁၀ မတိုင်ခင်တွင် အမှတ်ပေးဇယား ထိပ်မှ ရန်ကုန် အသင်းနှင့် ရတနာပုံ အသင်းတို့ကို  အကောင်းဆုံး ဖိအားပေးနိုင် ခဲ့သော် လည်း ပွဲစဉ် ၁၀ တွင် ရှုံးပွဲကြုံတွေ့ခဲ့သောကြောင့် ဇယားထိပ်ဆုံးမှ ရန်ကုန်အသင်းနှင့် ခုနစ်မှတ်ထိ ကွာဟသွားခဲ့သည်။

Mizzima

0 comments:

Post a Comment