Pages

Subscribe:

Saturday, April 25, 2015

ချင်းယူနိုက်တက် အသင်း တောင်ကိုရီးယား ကွင်းလယ်လူ ယာဂင်ကို ပြန်လည် ခေါ်ယူမည်



ချင်းယူနိုက်တက် အသင်း တောင်ကိုရီးယား ကွင်းလယ်လူ ယာဂင်ကို ပြန်လည် ခေါ်ယူမည်

မြန်မာ နေရှင်နယ်လိဂ် ၂၀၁၅ ဒုတိယ အကျော့မှာ ရလဒ်တွေ ပိုမို ကောင်းမွန် လာစေဖို့ ကြိုပမ်းနေတဲ့ ချင်းယူနိုက်တက် အသင်းဟာ တောင်ကိုရီးယား ကွင်းလယ်လူ ယာဂင်ကို ပြန်လည် ခေါ်ယူ သွားမယ်လို့ သိရပါသည်။
ယာဂင်ဟာ ပြီးခဲ့တဲ့ ရာသီက အသုံးပြုခဲ့ဖူးတဲ့ ကစားသမား ဖြစ်ပြီး မြန်မာနေရှင် နယ်လိဂ်၂၀၁၅ ပထမ အကျော့မှာ ထပ်မံ ခေါ်ယူခြင်း မရှိခဲ့တာ ဖြစ်ပါသည်။
“အခု ပြန်စတော့မယ့် ဒုတိယ အကျော့မှာ သည်ထက် ပိုကောင်းလာတဲ့ အသင်း ဖြစ်ဖို့ အတွက်ယာဂင်ကို ပြန်လည်ခေါ်ယူဖို့ စီစဉ်တာပါ။ သူကစားပုံကိုလည်း ကြိုက်ပါတယ်။ ရာသီ ကုန်ရင်တော့ ဘယ်အဆင့် ရောက်ရမယ် မရည်မှန်းထားပါဘူး” လို့ ချင်းယူနိုက်တက် အသင်း မန်နေဂျာ ဦးဆန်းဝင်းကပြောပါသည်။
ချင်းယူနိုက်တက် အသင်းဟာ လွန်ခဲ့တဲ့ ဘောလုံးရာသီ နှစ်ရာသီကမှ စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာတော့ အသင်းကြီး တစ်ချို့ ကိုတောင် ယှဉ်ပြီး ကစားနိုင် လာပြီလို့ သိရပါသည်။

Soccer Myanmar

0 comments:

Post a Comment