Pages

Subscribe:

Sunday, April 26, 2015

ကာဗယ်လ်ဟို ရဲ့ ပြောင်းရွှေ့ကြေး ကို သဘောတူခဲ့သည့် အာဆင်နယ်



ကာဗယ်လ်ဟို ရဲ့ ပြောင်းရွှေ့ကြေး ကို သဘောတူခဲ့သည့် အာဆင်နယ်

အာဆင်နယ် အသင်း သည် စပို့တင်းလစ္စဘွန်း အသင်း ရဲ့ ကွင်းလယ်ခံစစ်ကစားသမား ဝီလျှံကာဗယ်လ်ဟို ကို ခေါ်ယူ သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ကြောင်းသိရပါတယ်။

ဂန်းနား အသင်းသည် ကာဗယ်ဟို ကို ခေါ်ယူရန် ပြီးခဲ့သည့် နွေရာသီ ကတည်းက ကြိုးစားခဲ့ပြီး ခေါ်ယူနိုင်ရန် အဆက်မပြတ် ပြောဆိုဆွေးနွေးခဲ့တာဖြစ်ပါတယ်။

စပို့တင်းလစ္စဘွန်း အသင်းသည် သူတို့ပြောဆိုထားသည့် ဈေးနှုန်း ကို ပေါင်၂၁.၅ သန်းထိလျှာ့ချပေးခဲ့သဖြင့် အာဆင်နယ် အသင်းနှင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဒေးလီးအိပ်ပရက်စ် သတင်းက ဖေါ်ပြခဲ့ပါတယ်။

ကာဗယ်လ်ဟို သည် မကြာမီ ပရီးမီးယားလိဂ် သို့ ပြောင်းရွှေ့တော့မည် ဖြစ်ကြောင်းဖေါ်ပြခဲ့ပါတယ်။ ယခုဖေါ်ပြချက်သာ မှန်ကန်ခဲ့မည်ဆိုပါက အချိန်အနည်းငယ်အတွင်းမှာ ပဲ အပြောင်းအရွှေ့ဖြစ်မြောက်တော့မှာပါ။

ကာဗယ်လ်ဟို သာ အာဆင်နယ် သို့ခေါ်ယူနိုင်ခဲ့ပါက ဂန်းနား တို့အတွက် အကောင်းဆုံးခေါ်ယူမှု ဖြစ်လာမှာပါ၊ ဘာပြုလို့လဲဆိုရင် ကာဗယ်လ်ဟို ဟာ အာဆင်နယ်ရဲ့ ကွင်းလယ် ခံစစ်နဲ့ နောက်ခံအလယ်လူ နှစ်နေရာစလုံး ကစားနိုင်တဲ့အတွက် အာဆင်နယ် အတွက် ပြသနာရှိတဲ့ နေရာ နှစ်ခုစလုံးအတွက် ဖြေရှင်းပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။

#KS

Football Cafe

0 comments:

Post a Comment