Pages

Subscribe:

Tuesday, April 28, 2015

ယူနိုက်တက်တွင် ဆက်ကစားခွင့် ရရန် ဗန်ပါစီ မျှော်လင့်ထား



ယူနိုက်တက်တွင် ဆက်ကစားခွင့် ရရန် ဗန်ပါစီ မျှော်လင့်ထား

စာချုပ်သက်တမ်း နောက်ဆုံးနှစ်သို့ ဝင်ရောက်လာတော့မည် ဖြစ်သည့်တိုင် မန်ချက်စတာ ယူနိုက်တက်တွင် ဆက်နေရန် ရော်ဘင် ဗန်ပါစီက မျှော်လင့် ရည်ရွယ်ထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။


ဗန်ပါစီသည် ဒဏ်ရာ ပြဿနာများကြောင့် ယခုရာသီတွင် ခြေစွမ်းအကောင်းဆုံး ရရှိရန် ရုန်းကန်ခဲ့ရပြီး အသင်းအတွက် (၂၅)ပွဲတွင် (၁၀)ဂိုးသာ သွင်းယူပေးနိုင်ခဲ့သည်။ လာမည့်ရာသီ အစပိုင်းတွင် အသက်(၃၂)နှစ် ပြည့်တော့မည် ဖြစ်သည့် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးသည် ရာသီကုန်ချိန်တွင် အသင်းနှင့် စာချုပ်လက်ကျန်သက်တမ်း တစ်နှစ်သာ ရှိတော့မည် ဖြစ်သည်။ အထောင်တိုက်စစ်မှူး တစ်ဦးတည်း ထားကစားသည့် စနစ်တွင် အသင်းခေါင်းဆောင် ဝိန်းရွန်နီကို ကျော်ဖြတ်ပြီး ပွဲထွက်နေရာ ရယူရန် မဖြစ်နိုင်မှန်း သိနေသည့်တိုင် ဗန်ပါစီသည် အိုးလ်ထရက်ဖို့ဒ်တွင် ဆက်နေရန် လိုလားလျက်ရှိကြောင်း နီးစပ်သူများက ပြောကြားခဲ့သည်။


အစောပိုင်း သတင်းများအရ ဗန်ပါစီသည် တူရကီ ကလပ်အသင်း အချို့၏ ချဉ်းကပ် ကမ်းလှမ်းမှုများကို ငြင်းဆိုခဲ့ကြောင်းလည်း သိရသည်။ ဗန်ပါစီနှင့် နီးစပ်သူ တစ်ဦးက “ဗန်ပါစီက အသင်းကနေ ထွက်ခွာဖို့ စိတ်လောနေတာ ဘာမှ မရှိပါဘူး။ အိုးလ်ထရက်ဖို့ဒ်မှာ သူ့အနေနဲ့ အကောင်းဆုံး စွမ်းဆောင်ပြပြီး အောင်မြင်မှုတွေ ရယူနိုင်ဆဲလို့ ယုံကြည်နေပါတယ်”ဟု ဆိုသည်။ ဗန်ပါစီသည် ချက်ရှိုင်းယားတွင် သားသမီးများ ကျောင်းတက်ပြီး အခြေတကျ ဖြစ်နေခြင်းကြောင့်လည်း အင်္ဂလန် အနောက်မြောက်ပိုင်း ဒေသကို စွန့်ခွာရန် စိတ်ကူးမရှိလှဟု သိရသည်။
၎င်းသည် လတ်တလောတွင် ခြေကျင်းဝတ် ဒဏ်ရာမှ သက်သာပျောက်ကင်းလာပြီးနောက် အဲဗာတန်ကို (၃-၀)ဖြင့် အရေးနိမ့်သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ရွန်နီအစား လူစားလဲပါဝင် ကစားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment