Pages

Subscribe:

Thursday, April 23, 2015

ဟမ်မဲလ်စ် အတွက် ယူနိုက်တက် ကမ်းလှမ်းမှု စတင်ပြုလုပ် ထားဟု ဂျာမန်သတင်း ဌာနများ ဖော်ပြ



ဟမ်မဲလ်စ် အတွက် ယူနိုက်တက် ကမ်းလှမ်းမှု စတင်ပြုလုပ် ထားဟု ဂျာမန်သတင်း ဌာနများ ဖော်ပြ

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဘိုရပ်ရှားဒေါ့တ်မန် နောက်ခံလူ မတ်စ်ဟမ်မဲလ်စ် အတွက် တရားဝင် ချဉ်းကပ် ကမ်းလှမ်းမှု တစ်ရပ် စတင် ပေးပို့ ထားပြီဟု ဂျာမန် သတင်းဌာနများက ဖော်ပြခဲ့သည်။
ယူနိုက်တက်သည် ၎င်းတို့၏ ကာလရှည် ပစ်မှတ်ဖြစ်သည့် ဂျာမန် လက်ရွေးစင်အတွက် ပေါင်စတာလင် (၂၁.၅)သန်းဖြင့် စတင် အဆိုပြု ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ သို့သော်လည်း ဒေါ့တ်မန်ကမူ ပေါင်စတာလင် (၃၅)သန်း တန်ကြေး သတ်မှတ်ထားသည့် ကစားသမားအတွက် ယင်းထက်ပိုမို များပြားသော ငွေပမာဏမျိုး အလိုရှိနေသည်။ ဟမ်မဲလ်စ်သည် ရာသီကုန်တွင် ဒေါ့တ်မန်မှ ထွက်ခွာဖြစ်ဖွယ် ရှိနေပြီး ဒေါ့တ်မန်နည်းပြ ယာဂင်ကလော့ပ်က အသင်းနှင့် လမ်းခွဲတော့မည်ဟု ကြေညာလိုက်ချိန်တွင် အဆိုပါ အလားအလာသည် ပိုမို အားကောင်းလာခဲ့သည်။
ဒေါ့တ်မန်သည် ယခုရာသီ ဆိုးရွားသော ဖြတ်သန်းမှုများကြောင့် လာမည့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်နေရာကို လက်လွှတ် ခံလိုက်ရသည့်နောက် ဟမ်မဲလ်စ်ကို ဆက်လက် ထိန်းသိမ်းထားရန် မလွယ်ကူတော့ချေ။ ဒေါ့တ်မန် အနေဖြင့် ဟမ်မဲလ်စ်ကို ရောင်းထုတ်လိုက်ရပါက ရီးယဲလ်မက်ဒရစ်မှ ဆမ်မီခီဒီရာကို ပြန်လည် ခေါ်ယူကာ ဟမ်မဲလ်စ်၏ အသင်းခေါင်းဆောင် ရာထူးကို ဆက်ခံစေရန် မျှော်လင့်နေသည်။ ဂျာမန်သတင်းစာ Bildက ယူနိုက်တက်သည် ဟမ်မဲလ်စ်အတွက် ကမ်းလှမ်းမှု တစ်ရပ် စတင်ပြုလုပ်ထားပြီ ဖြစ်သော်လည်း သဘောတူညီမှု ရရှိရန် အလှမ်းဝေးနေဆဲဟု ယုံကြည်ရကြောင်း ဖော်ပြခဲ့သည်။
ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် အသင်းမှ အသက်ရနေပြီဖြစ်သော ကွင်းလယ်လူ မိုက်ကယ်ကာရစ် နေရာတွင် ရေရှည် အစားထိုးရန်အတွက် ဒေါ့တ်မန်မှ အိုင်ကေ ဂွန်ဒိုဂန်ကိုလည်း ချိတ်ဆက်နေဆဲ ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment