Pages

Subscribe:

Wednesday, April 22, 2015

စာချုပ်သစ်အတွက် မန်ချက်စတာယူနိုက်တက်နှင့် စမောလင်း သဘောတူညီမှုရရှိ



စာချုပ်သစ်အတွက် မန်ချက်စတာယူနိုက်တက်နှင့် စမောလင်း သဘောတူညီမှုရရှိ

မန်ချက်စတာယူနိုက်တက်၏ အင်္ဂလန် နောက်ခံကစားသမား ခရစ်စမောလင်းသည် ၂၀၁၉ ခုနှစ် ဇွန်လအထိ အသင်းတွင် ဆက်ရှိနေမည့် စာချုပ်သစ်အတွက် သဘောတူညီမှု ရရှိခဲ့သည်။

အသက် ၂၅ နှစ်အရွယ် စမောလင်းသည် ၂၀၁၀ ခုနှစ်က ဖူဟမ်မှ ယူနိုက်တက်သို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အိုးထရတ်ဖို့ဒ်တွင် ပရီးမီးယားလိဂ် ဆုဖလား နှစ်ကြိမ် ရရှိခဲ့သည်။

“သူ့ရဲ့ ခြေစွမ်းက ကျွန်တော် အသင်းကို ရောက်လာပြီး အချိန်တိုအတွင်းမှာ တိုးတက်လာခဲ့သလို အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်” ဟု ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ပြောကြားခဲ့သည်။

စမောလင်းက “အခုအချိန်က အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အခိုက်အတန့်ပါ။ အရင်လို အမြင့်ဆုံး အနေအထားကို ပြန်လည်ရရှိနိုင်ဖို့ ကျွန်တော်တို့ အားလုံး ဆုံးဖြတ်ထားပါတယ်” က ဆိုခဲ့သည်။

မီဝေါလ် အကယ်ဒမီထွက် စမောလင်းသည် ၂၀၀၈ ခုနှစ်တွင် ဖူဟမ်သို့ မပြောင်းရွှေ့မီ လိဂ်အသင်း မဟုတ်သည့် မိတ်စတုန်းယူနိုက်တက်တွင် ကစားခဲ့သူ ဖြစ်သည်။

ကျောင်းများတွင် အသက် ၁၈ နှစ်အောက်၊ အသက် ၂၀ အောက်နှင့် အသက် ၂၁ အောက် အင်္ဂလန်ကစားသမားအဖြစ် ပါဝင်ကစားခဲ့သည့် စမောလင်းသည့် ၎င်း၏ နိုင်ငံတကာ ကစားသမားဘဝကို ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ဘူဂေးလ်ရီးယားနှင့် ကစားသည့်ပွဲ၌ စတင်ခဲ့သည်။

အဆိုပါ ဗဟိုနောက်ခံကစားသမားသည် ၂၀၁၀ ခုနှစ် သြဂုတ်လတွင် ချယ်ဆီးနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ကွန်မြူနတီဒိုင်းပွဲတွင် မန်ချက်စတာယူနိုက်တက် အတွက် ပွဲထွက်ပါဝင်ကစားခဲ့ပြီး ယခုအခါ အသင်းအတွက် ၁၄၇ ပွဲ ကစားထားသူ ဖြစ်သည်။ ၎င်းသည် ယခုလတွင် မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့သည်။

“အခုလို ကြီးကျယ်ခမ်းနားတဲ့ အသင်းအတွက် ကစားရတဲ့အပေါ်မှာ ကျွန်တော် အရမ်းကို ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့အသင်းက လူးဝစ်ဗန်ဂါးလ် လက်အောက်မှာ ခြေစွမ်းပိုကောင်းလာခဲ့ပါတယ်” ဟု စမောလင်းက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment