Monday, April 20, 2015
စပါးအသင်း အတွက် တရာသီ အတွင်း ဂိုး သုံးဆယ် ပြည့်ခဲ့သည့် ဟယ်ရီကိန်း
စပါးအသင်း အတွက် တရာသီ အတွင်း ဂိုး သုံးဆယ် ပြည့်ခဲ့သည့် ဟယ်ရီကိန်း
ဟယ်ရီကိန်း သည် အဝေးကွင်းတွင် စပါးအသင်း က နယူးကက်စတယ်လ် အသင်း ကို ၃-၁ ဖြင့် အနိုင် ရရှိခဲ့သောပွဲ တွင် တတိယမြောက်ဂိုး ကို သွင်းယူပေးနိုင်ခဲ့သောကြောင့် ကိန်းသည် စပါး အသင်းအတွက် တစ်ရာသီ အတွင်း ဂိုး သုံးဆယ် သွင်းယူပေးနိုင်သည့် ကစားသမားဖြစ်လာပါတယ်။ ထို သွင်းဂိုး အရေအတွက်သည် ၁၉၉၁/၉၂ ဘောလုံးရာသီက စပါးအတွက် ဂယ်ရီလိုင်နီကာ သွင်းယူပေးခဲ့ပြီး နောက် ပထမဆုံးအကြိမ် ကိန်း က စပါးအသင်းအတွက် သွင်းယူပေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
စကိုင်း စပေါ့ က အင်္ဂလန် တိုက်စစ်မှူးဟောင်းရဲ့ ဂိုးသွင်းစံချိန် ကို စပါးအသင်း အတွက် သွင်းယူပေးနိုင်ခဲ့ခြင်းနှင့် ပတ်သက်ပြီးမေးသောအခါ """ကျွန်တော်အလွန်ဂုဏ်ယူနေပါတယ်၊ လက်ရှိ ငါးပွဲကစားဖို့ကျန်နေသေးပြီး ဂိုးအနည်းငယ် ထပ်မံရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်""" လို့ ဖြေကြားခဲ့ပါတယ်။
စပါးအသင်း မန်နေဂျာ ပိုချက်တီနို ကလည်း သူ့ရဲ့ တိုက်စစ်မှူးကို """ သူ့အတွက် ဂုဏ်ယူပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်၊ လက်ရှိအချိန်မှာ သူဟာ ဒီအရာနဲ့ ထိုက်တန်ပါတယ်၊ ဘာပြုလို့လဲဆိုရင် သူဟာ အလုပ်တွေအများကြီးလုပ်ခဲ့လို့ပါပဲ""" ဂုဏ်ပြုစကားပြောဆိုခဲ့ပါတယ်။
""" အဝတ်လဲခန်း အတွင်းမှာလည်း သူပျော်ရွှင်နေပါတယ်၊ သူ့ရဲ့အသင်းဖေါ်တွေကလည်း သူ့အတွက် ပျော်ရွှင်နေကြပါတယ်၊ သူဟာ အလားအလာ အကောင်းဆုံးကစားသမားလို့ကျွန်တော်ထင်ပါတယ်၊ သူဟာ ငယ်ရွယ်သေးပြီး အသင်းကြီးမှာ သူ့ရဲ့ ပထမဆုံး ရာသီပြည့် ကစားရခြင်းဖြစ်ပါတယ်၊ သူ့ရဲ့ အမြင့်ဆုံး လယ်ဗယ် ကို ရောက်ဖို့ ကျွန်တော်တို့ တွန်းအားပေးသွားဖို့လိုပါတယ်၊ သူ့မှာ တိုးတက်ဖို့ အရည်အသွေးရှိနေပါတယ်၊ သူ့မှာ တခြားစိန်ခေါ်မှုတွေရှိနေပါသေးတယ်၊ နောက်ထပ် ငါးပွဲကစားဖို့ကျန်နေသေးပြီး နိုင်ပွဲတွေ ရဖို့ ဂိုးတွေသွင်းယူဖို့လိုပါတယ်""" လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။
ကိန်းသည် ယခုရာသီ ပရီးမီးယားလိဂ် ဂိုး ၂၀ သွင်းယူနိုင်ခဲ့ သလို ပီအက်ဖ်အေ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု နှင့် အကောင်းဆုံးလူငယ် ကစားသမားဆု အတွက်လည်း နောက်ဆုံး ဆန်ကာတင်စာရင်းမှာ ပါဝင်နေပါတယ်။
ကိန်း သည် ဂာရတ်ဘေးလ်၊ ကလင်းစမန်း၊ တက်ဒီ ရှရင်ဂန် တို့လို စပါးအသင်းအတွက် တရာသီ အတွင်း ပရီးမီးယားလိဂ် ဂိုး ၂၀ ဒါမှ မဟုတ် ၂၀ နှင့်အထက် သွင်းယူနိုင်ခဲ့တဲ့ကစားသမား စာရင်းမှာ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။
ယခုအချိန်မှာ စပါးအသင်း သည် အဆင့် ခြောက် နေရာတွင် ရပ်တည်နေပြီး ဆောက်သမ်ပတန် အသင်း နှင့် တစ်မှတ်အသာတွင်ရှိပြီး ၊ လီဗာပူးလ် အသင်း နှင့် ရမှတ်တူပြီး လီဗာပူးလ် အသင်း က ဂိုးကွာခြားချက် အသာဖြင့် ပဉ္စမနေရာမှာ ရပ်တည်နေပါတယ်။
နယူးကက်စ်တယ်လ် ကို အနိုင်ရရှိခဲ့သည့် ပွဲနှင့် ပတ်သက်ပြီး """ ကျွန်တော်တို့ အနိုင်နဲ့ ထိုက်တန်ခဲ့ပါတယ်၊ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်၊ ပြီးခဲ့တဲ့ ၂ ပတ် က ပွဲတွေမှာ ကျွန်တော်တို့ ခြေစွမ်းကျဆင်းခဲ့ပါတယ်၊ အဲဒါကို ကျွန်တော်တို့ မှန်ကန်အောင်လုပ်ဆောင်ရပါမယ်၊ ကျွန်တော် ဂိုးသွင်းဖို့ အခွင့်အရေး နှစ်ကြိမ်ရရှိခဲ့ပြီး ဂိုးသမားက အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ် ၊ ဒါပေမဲ့ ကျွန်တော် ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ကျေနပ် ဝမ်းသာပါတယ်""" လို့ ဟယ်ရီကိန်း ကပြောကြားခဲ့ပါတယ်။
#KS
Football Cafe
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment