Pages

Subscribe:

Tuesday, April 28, 2015

ရာသီကုန်တွင် အာဆင်နယ်သို့ ပြန်သွားရန် ပိုဒေါ့စကီး ဆန္ဒရှိနေဟု မန်စီနီ ဖွင့်ဟ



ရာသီကုန်တွင် အာဆင်နယ်သို့ ပြန်သွားရန် ပိုဒေါ့စကီး ဆန္ဒရှိနေဟု မန်စီနီ ဖွင့်ဟ

ရာသီကုန်တွင် မိခင်ကလပ် အာဆင်နယ်သို့ ပြန်သွားရန် လူးကက်စ် ပိုဒေါ့စကီးက ဆန္ဒရှိနေကြောင်း အင်တာမီလန်နည်းပြ ရောဘတ်တို မန်စီနီက ပြောကြားသွားသည်။

ဂျာမန် လက်ရွေးစင် တိုက်စစ်မှူးသည် ဆောင်းရာသီ ဈေးကွက်တွင် အာဆင်နယ်မှ အင်တာသို့ အငှားပြောင်းရွှေ့လာသူ ဖြစ်သည်။ သို့သော်လည်း ပိုဒေါ့စကီးသည် အီတလီ စီးရီးအေတွင် ပုံစံကောင်း ပျောက်ဆုံးနေပြီး အင်တာအတွက် (၁၃)ပွဲ ကစားပြီးသည့်တိုင် သွင်းဂိုး တစ်ဂိုးမျှ မရရှိသေးချေ။ အသက်(၂၉)နှစ်ရှိ ပိုဒေါ့စကီးသည် ယင်းအခြေအနေကို စိတ်ပျက်လက်ပျက် ဖြစ်နေပြီး ရာသီကုန်တွင် လန်ဒန်သို့ ပြန်သွားရန် စဉ်းစားနေကြောင်း မန်စီနီက ဖွင့်ဟခဲ့သည်။ ပိုဒေါ့စကီးသည် အာဆင်နယ်တွင် နေရာပျောက်နေသည့်နောက် ပုံမှန်ပွဲထွက်ခွင့် ပိုမိုရရှိရန် မျှော်လင့်ချက်ဖြင့် အင်တာသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

မန်စီနီကမူ ၎င်းအနေဖြင့် ပိုဒေါ့စကီး ပုံစံကောင်း ပြန်ရလာမည်ဟု ယုံကြည်ပြီး ကစားသမားအပေါ် စိတ်ရှည်ရှည် စောင့်ကြည့်လိုကြောင်း ဆိုသည်။ “အီတလီမှာက အကျင့်တစ်ခုရှိတယ်။ အဲဒါက မစောင့်ချင်တာပဲ။ ဘယ်အရာမှ မြန်မြန်ဆန်ဆန် လုပ်လို့ရတယ်ဆိုတာ မရှိပါဘူး။ အထူးသဖြင့် နိုင်ငံတစ်ခုကနေ တခြားတစ်ခုကို ပြောင်းရွှေ့ကစားရာမှာ၊ ကလပ်အသင်း တစ်ခုကနေ တခြား တစ်ခုကို ပြောင်းရွှေ့ရာမှာ ပိုပြီး စိတ်ရှည်ဖို့ လိုပါတယ်။ ကျွန်တော်ကတော့ ပိုဒေါ့စကီးကို ကစားသမားကောင်း တစ်ယောက်၊ ပရော်ဖက်ရှင်နယ်ကောင်း တစ်ယောက်အဖြစ် ယူဆထားဆဲပါပဲ”ဟု မန်စီနီက ပြောကြားခဲ့သည်။

၎င်းက “ဒါပေမဲ့ တစ်ဖက်က အခြေအနေကတော့ ကွဲပြားမှုလေးတချို့ ရှိနေပါတယ်။ သူက အငှားလာကစားနေတာ ဖြစ်ပါတယ်။ ပြီးတော့ လောလောဆယ် အာဆင်နယ်ကို ပြန်ချင်နေပုံပါပဲ”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment