Pages

Subscribe:

Wednesday, April 22, 2015

ဒီဂီယာကို ဆက်ထိန်းထားရန်မှာ ယူနိုက်တက်အတွက် အရေးကြီး လုပ်ငန်းစဉ် တစ်ရပ်ဟု နဗီးလ်သုံးသပ်



ဒီဂီယာကို ဆက်ထိန်းထားရန်မှာ ယူနိုက်တက်အတွက် အရေးကြီး လုပ်ငန်းစဉ် တစ်ရပ်ဟု နဗီးလ်သုံးသပ်

ဒေးဗစ်ဒီဂီယာကို စာချုပ်သက်တမ်းတိုးပြီး ဆက်လက် ထိန်းသိမ်းထားရေးသည် နွေရာသီတွင် မန်ချက်စတာ ယူနိုက်တက်အတွက် အရေးအကြီးဆုံး လုပ်ငန်းစဉ်တစ်ခု ဖြစ်လိမ့်မည်ဟု ဖီးလ်နဗီးလ်က မှတ်ချက်ပြု ပြောကြားလိုက်သည်။

ယူနိုက်တက်၏ ငယ်မွေးခြံပေါက် ကစားသမားဟောင်း ဖြစ်ခဲ့သလို ဒေးဗစ်မိုယက်စ် လက်အောက်တွင် အသင်းနည်းပြ အဖွဲ့၌လည်း ပါဝင်ခဲ့ဖူးသည့် နဗီးလ်က စပိန်လက်ရွေးစင် ဂိုးသမားကို အိုးလ်ထရက်ဖို့ဒ်တွင် ကာလရှည်ကြာ ဆက်ရှိနေစေရန် လိုလားလျက် ရှိသည်။ ဒီဂီယာသည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း သိသိသာသာ လက်စွမ်း တိုးတက်လာခဲ့ပြီး ယခုနှစ် PFA၏ အကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ခါတင် (၆)ဦး စာရင်းတွင်ပင် ပါဝင်လျက် ရှိသည်။ ယူနိုက်တက်သည် ဒီဂီယာကို သက်တမ်းတိုး စာချုပ်ရန် ကြိုးပမ်းမှုများ မအောင်မြင်သေးဘဲ ဖြစ်နေပြီး တစ်ဖက်တွင် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်က ၎င်းကို စောင့်ကြည့်လျက် ရှိသည်။

အသက်(၂၄)နှစ်အရွယ် ဂိုးသမားနှင့် ပတ်သက်ပြီး နဗီးလ်က “အသင်းအတွက် အရေးအကြီးဆုံး ကဏ္ဍတစ်ခုက ဒီဂီယာကို ဆက်ထိန်းထားဖို့ပဲ”ဟု ဆိုသည်။ ၎င်းက “ဒီဂီယာဟာ အသင်းကို စရောက်လာချိန်ကနေ အခုထိ အတောအတွင်းမှာ အများကြီး တိုးတက်ပြောင်းလဲလာတယ်။ ကစားသမား တစ်ယောက်ဟာ ဒီလောက်မြန်မြန်ဆန်ဆန် တိုးတက်လာတာမျိုး ကျွန်တော် မမြင်ဖူးသေးဘူး။ သူဟာ ကမ္ဘာ့အဆင့် ဖြစ်လာပြီ။ သူ့တစ်ဦးတည်း စွမ်းဆောင်ရည်ကြောင့် အသင်းက အနိုင်ရလဒ်တွေ ပိုင်ဆိုင်လာနေပြီ။ အဲဗာတန်၊ ဟူးလ်စီးတီး၊ အာဆင်နယ်တို့နဲ့ ပွဲစဉ်တွေတုန်းက သူ့ရဲ့ နောက်ဆုံးမိနစ် ကာကွယ်မှုတွေက အသင်းရဲ့ နိုင်ပွဲအတွက် အရေးပါခဲ့တယ်။ ဒီရာသီမှာ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် ယူနိုက်တက် နိုင်ခဲ့တာ ခုနစ်ကြိမ်၊ ရှစ်ကြိမ်လောက် ရှိပါလိမ့်မယ်။ ဒီဂီယာဟာ သူ့ရဲ့ ကမ္ဘာ့အဆင့် လက်စွမ်းကို အမြဲတမ်း ပြသနေနိုင်သူပါ”ဟုလည်း ချီးကျူးသွားသည်။

Soccer Myanmar

0 comments:

Post a Comment