Pages

Subscribe:

Thursday, April 30, 2015

ဟာရဲရားသည် ယူနိုက်တက်၏ အကောင်းဆုံး အင်အားဖြည့်တင်းမှု တစ်ရပ် ဖြစ်ကြောင်း စခိုးလ် ပြောကြား



ဟာရဲရားသည် ယူနိုက်တက်၏ အကောင်းဆုံး အင်အားဖြည့်တင်းမှု တစ်ရပ် ဖြစ်ကြောင်း စခိုးလ် ပြောကြား

အန်ဒါဟာရဲရားသည် မန်ချက်စတာ ယူနိုက်တက်၏ နွေရာသီ ကစားသမား ခေါ်ယူမှုတွင် အကောင်းဆုံး ဖြစ်သည်ကို သက်သေပြသနိုင်ခဲ့ကြောင်းနှင့် ၎င်း၏ ခြေစွမ်းသည် ယခုထက် ပိုကောင်းလာနိုင်ကြောင်း ပေါလ်စခိုးလ်က ပြောကြားလိုက်သည်။
ဟာရဲရားသည် ပြီးခဲ့သည့် နွေရာသီက ရာဒါမယ် ဖယ်လ်ကာအို၊ မာကို့စ်ရိုဟို၊ အိန်ဂျယ် ဒီမာရီယာနှင့် ဒါလေဘလင်းတို့နှင့်အတူ အက်သလက်တစ် ဘီလ်ဘာအိုမှ ယူရို ၃၆ သန်းဖြင့် အိုးထရတ်ဖို့ဒ်သို့ ရောက်ရှိလာခဲ့သူ ဖြစ်သည်။
ထို့နောက် စခိုးလ်က ဟာရဲရားသည် ယူနိုက်တက်မှ အားဖြည့်ခေါ်ယူသည့် ကစားသမားများအနက် အကောင်းဆုံး စွမ်းဆောင်နိုင်သူဖြစ်ကြောင်း ဆိုခဲ့သည်။ အဆိုပါ စပိန် ကစားသမားသည် ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ၂၇ ပွဲ ကစားပြီး ၇ ဂိုးသွင်းကာ ၅ ဂိုးဖန်တီးပေးနိုင်ခဲ့သည်။
“အသင်းကို ရောက်လာတဲ့ ကစားသမားသစ် အားလုံးက စစချင်းမှာ အခက်အခဲတွေနဲ့ တွေ့ကြုံရလေ့ရှိပါတယ်။ သူတို့က ၇ လ၊ ၈ လလောက်အထိ အခက်အခဲတွေ့နိုင်ပါတယ်။ အခုအချိန်မှာတော့ ဟာရဲရားက ကျွန်တော် သဘောအကျဆုံး ကစားသမားလို့ ပြောနိုင်ပါတယ်။ သူလည်းပဲ အစပိုင်းမှာ အသင်းနဲ့ အံဝင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အခုအချိန်မှာ သူက တကယ့်ကို အကောင်းဆုံး ကစားနိုင်နေပါပြီ။ သူက အသက်ငယ်ရွယ်တဲ့ ကစားသမားပါ။ သူ့ရဲ့ ခြေစွမ်းက ဒီထက် ပိုကောင်းလာနိုင်ပါတယ်” ဟု ဟာရဲရားက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment