Pages

Subscribe:

Wednesday, April 22, 2015

PSG၏ ငွေကြေးသုံးစွဲမှုများအား ဝေဖန်နေမှုများအပေါ် လုဇ်တုံ့ပြန်



PSG၏ ငွေကြေးသုံးစွဲမှုများအား ဝေဖန်နေမှုများအပေါ် လုဇ်တုံ့ပြန်

PSG အသင်း၏ ငွေကြေးသုံးစွဲ တည်ဆောက်နေမှုအပေါ် ဝေဖန်နေခြင်းများအား နောက်ခံလူ ဒေးဗစ်လုဇ်က တုံ့ပြန် တိုက်ခိုက် ပြောကြားလိုက်သည်။

PSGသည် ဘာစီလိုနာကို ချန်ပီယံလိဂ်တွင် နှစ်ကျော့ပေါင်း (၅-၁)ဖြင့် အရေးနိမ့်ပြီးနောက် ကွာတားဖိုင်နယ် အဆင့်မှပင် ထွက်ခွာလာရပြီ ဖြစ်သည်။ ပြင်သစ် လီဂူးဝမ်း ချန်ပီယံ အသင်းသည် ကာတာသူဌေးများ၏ ကျောထောက်နောက်ခံ ဓနအင်အားဖြင့် ဘောလုံးသမားကောင်းများကို စုစည်းဝယ်ယူကာ ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ဥရောပ ထိပ်တန်းအဆင့် အသင်းတစ်ခုအဖြစ် ရပ်တည်လာခဲ့သည်။ သို့သော်လည်း ချန်ပီယံလိဂ်တွင်မူ ဘာစီလိုနာနှင့် အဘက်ဘက်မှ မယှဉ်နိုင်ဘဲ အရေးနိမ့် ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နွေရာသီက ချယ်လ်ဆီးမှ ပေါင်စတာလင် သန်း(၅၀)ဖြင့် PSGသို့ ပြောင်းရွှေ့ခဲ့သည့် လုဇ်က “ဘာစီလိုနာကို ကြည့်ပါ။ သူတို့ဟာ နှစ်ပေါင်းများစွာဆက်တိုက် ငွေတွေအများကြီး သုံးခဲ့တယ်။ တကယ်တော့ အသင်းတိုင်း ငွေသုံးတာချည်းပါပဲ။ ကွာတားဖိုင်နယ် မရောက်ခင်ထိ ကျွန်ေတာ်တို့ အသင်းဟာ ပွဲတိုင်း အကောင်းဆုံး ကစားခဲ့တယ်။ ဒါပေမဲ့ ဘာစီလိုနာနဲ့ နှစ်ကျော့မှာတော့ ကျွန်တော်တို့ဟာ ပုံမှန်ခြေစွမ်းနဲ့ မကစားနိုင်ခဲ့ဘူး။ တစ်နှစ်ချင်းစီ ကျွန်တော်တို့ ပိုတိုးတက်လာဖို့ လိုပါတယ်။ နောက်ရာသီမှာတော့ ချန်ပီယံလိဂ်မှာ အောင်ပွဲခံနိုင်အောင် ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာပါ”ဟု ပြောကြားခဲ့သည်။

နူးကမ့်တွင် နေမာ၏ သွင်းဂိုးများဖြင့် အရေးနိမ့်ခဲ့ပြီးနောက် လုဇ်က “တကယ်တော့ ဘာစီလိုနာဟာ နှစ်ပွဲစလုံး ကျွန်တော်တို့ထက် ပိုကောင်းအောင် ကစားခဲ့ပါတယ်။ နှစ်ပွဲစလုံးကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး နောက်တစ်ဆင့် တက်သွားတာလည်း တကယ် ထိုက်တန်ပါတယ်။ နူးကမ့်မှာ ကျွန်တော်တို့ အကောင်းဆုံး မလုပ်ပြနိုင်ခဲ့ဘူး။ အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့ဘူး။ နေမာနဲ့ လူးဝစ်ဆွာရက်ဇ်တို့ကတော့ ဘာစီလိုနာရဲ့ ဘောလုံးဒဿနကို ပိုပြီးကျေညက် နားလည်လာနေပါပြီ။ ဒါကို အခုပွဲမှာ သူတို့က သက်သေပြသွားတာပါပဲ”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment