Pages

Subscribe:

Saturday, April 25, 2015

မန်စီးတီးတွင် တိုရေးပျော်ရွှင်နေဆဲဟု ပယ်လီဂရီနီဆို



မန်စီးတီးတွင် တိုရေးပျော်ရွှင်နေဆဲဟု ပယ်လီဂရီနီဆို

ယာယာတိုရေး အနေဖြင့် အသင်းတွင် ပျော်ပျော်ရွှင်ရွှင်ပင် ဆက်ရှိမည်ဟု ယုံကြည်ထားကြောင်း မန်ချက်စတာ စီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမားသည် နွေရာသီတွင် အင်တာမီလန် (သို့မဟုတ်) PSG တစ်သင်းသင်းသို့ ပြောင်းရွှေ့နိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသလို တိုရေး၏ အေးဂျင့်ကိုယ်တိုင်ကလည်း ကစားသမားနှင့် မန်စီးတီးတို့ လမ်းခွဲဖွယ်ရှိကြောင်း အရိပ်အမြွက် စကားများ ပြောဆိုခဲ့သည့်တိုင် ပယ်လီဂရီနီကမူ တိုရေးသည် အသင်းတွင် အရေးပါဆဲဖြစ်ကြောင်း ဆိုသည်။ တိုရေးက မိမိသည် စိန်ခေါ်မှု အသစ်များကို ရှာဖွေလိုကြောင်း ပြောဆိုခဲ့ခြင်းနှင့် ပတ်သက်ပြီး ပယ်လီဂရီနီက “သူပြောတဲ့ စိန်ခေါ်မှုအသစ်ဆိုတာ မန်စီးတီးမှာပဲ ဖြစ်ချင် ဖြစ်မှာပေါ့။ စိန်ခေါ်မှု အသစ်ကို ရှာဖွေဖို့ ကွဲပြားတဲ့ နေရာတွေ အများကြီး ရှိနိုင်ပါတယ်။ တိုရေးဟာ မန်စီးတီးမှာ ပျော်ရွှင်နေတယ်လို့ ကျွန်တော် ပြောရဲပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။

ချီလီသား မန်နေဂျာကြီးက “ကလပ်အသင်းတစ်ခု၊ အထူးသဖြင့် အသင်းကြီး တစ်ခုမှာ နေ့စဉ်နေ့တိုင်း ပြဿနာတွေ တစ်မျိုးမဟုတ် တစ်မျိုးတော့ ကြုံနေရမှာပဲ။ ဒီလို ပြဿနာတွေကို ကိုယ်က အကောင်းဆုံး နည်းလမ်းနဲ့ ကိုင်တွယ် ဖြေရှင်းဖို့ လိုတယ်။ လူတိုင်းကလည်း ကိုယ်ဘာလိုလားတယ် ဆိုတာကို ထုတ်ပြောခွင့် ရှိပါတယ်”ဟုလည်း ဆိုသည်။ သတင်းထောက်များက တိုရေးအနေဖြင့် အက်စ်တန်ဗီလာနှင့် ပွဲစဉ်တွင် အသင်းခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ယူရန် ထိုက်တန်ခြင်း ရှိမရှိ မေးမြန်းရာ ပယ်လီဂရီနီက “ဟုတ်တယ်။ နောက်ပွဲလည်း သူပဲ အသင်းခေါင်းဆောင်ပေါ။ လောလောဆယ်မှာ တိုရေးဟာ မန်စီးတီးရဲ့ အသင်းခေါင်းဆောင် ဖြစ်ပါတယ်။ ကျွန်တော်က တိုရေးကို အမြဲတမ်း ယုံကြည်ခဲ့ပြီးသားပါ။ သူဟာ ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စီမံကိန်းတွေမှာ သူသေချာပေါက် ပါဝင်နေမှာပါ။ လောလောဆယ် အနေအထားမှာ တိုရေးဟာ အသင်းခေါင်းဆောင် ရာထူးနဲ့ တကယ်ပဲ ထိုက်တန်ပါတယ်”ဟု ဖြေကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment