Pages

Subscribe:

Wednesday, April 29, 2015

လောရစ်ကို ဆက်လက် ထိန်းသိမ်းထားရန် ခက်ခဲစွာ ရုန်းကန်ရဖွယ် ရှိနေသည့် စပါး



လောရစ်ကို ဆက်လက် ထိန်းသိမ်းထားရန် ခက်ခဲစွာ ရုန်းကန်ရဖွယ် ရှိနေသည့် စပါး

တော့တင်ဟမ် ဟော့စပါး အနေဖြင့် ၎င်းတို့၏ ဂိုးသမား ဟူဂိုလောရစ်ကို နွေရာသီ ဈေးကွက်တွင် အခိုင်အမာ ဆက်လက် ထိန်းသိမ်း ထားနိုင်ရန် အလွန် ခက်ခဲမည့် အခြေအနေမျိုး ကြုံနေရကြောင်း သိရသည်။
လန်ဒန် ကလပ်သည် အသက်(၂၈)နှစ်ရှိ ပြင်သစ် လက်ရွေးစင်ကို လက်မလွှတ်လိုသော်လည်း ကစားသမား ကိုယ်တိုင်က ချန်ပီယံလိဂ်တွင် ပါဝင် ယှဉ်ပြိုင်ခွင့်ရရန် မျှော်လင့်နေသည်။ လောရစ်၏ စာချုပ်သည် (၂၀၁၉)ထိ သက်တမ်း ရှိနေဆဲ ဖြစ်သော်လည်း စပါးက ချန်ပီယံလိဂ် ကစားခွင့် မရခဲ့ပါက အခြား ချန်ပီယံလိဂ် ဝင်ခွင့်ရ အသင်း တစ်ခုခုက ယူရိုသန်း(၂၀)ဖြင့် ကမ်းလှမ်းလာလျှင် လက်ခံပေးရမည်ဆိုသော အချက်ကို ထည့်သွင်း ချုပ်ဆိုထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ယခုအခါ ပြင်သစ်ချန်ပီယံ PSGသည် လောရစ်၏ အနေအထားကို အလေးအနက် စိတ်ဝင်စားမှု စတင်ပြသလာခဲ့သည်။ ၎င်းတို့သည် ချယ်လ်ဆီးဂိုးသမား ပီတာဆက်ခ်ျကို ဦးစားပေး မျှော်မှန်းသော်လည်း လက်တွေ့ခေါ်ယူနိုင်ခြင်း မရှိခဲ့ပါက လောရစ်ကို ပစ်မှတ်ပြောင်း ချဉ်းကပ်ရန် ဆန္ဒရှိနေသည်။ မန်ချက်စတာ ယူနိုက်တက်သည်လည်း ဂိုးသမား ဒေးဗစ်ဒီဂီယာသာ ရီးယဲလ်မက်ဒရစ် ရောက်ရှိသွားပါက လောရစ်ကို အစားထိုး ချဉ်းကပ်ဖွယ် ရှိနေသည်။ ထိုအခြေအနေများကြောင့် စပါး အနေဖြင့် နွေရာသီတွင် လောရစ်ကို ဝှိုက်ဟတ်လိန်း၌ တည်တည်ငြိမ်ငြိမ် ဆက်ထိန်းထားရန်မှာ ကြီးမားသော စိန်ခေါ်မှုသဖွယ် ဖြစ်လာခဲ့သည်။
အခြားသော သတင်းများအရ စပါးမန်နေဂျာ မော်ရစ်စီယို ပိုချက်တီနိုသည် အဲဗာတန် တောင်ပံတိုက်စစ်မှူး ကီဗင်မီရဲလက်စ်ကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်းလည်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment