Pages

Subscribe:

Tuesday, April 28, 2015

ဒုတိယ နေရာသည် မန်စီးတီး အတွက် ကျဆုံးမှု မဟုတ်နိုင်ဟု ပယ်လီဂရီနီ ပြောကြား



ဒုတိယ နေရာသည် မန်စီးတီး အတွက် ကျဆုံးမှု မဟုတ်နိုင်ဟု ပယ်လီဂရီနီ ပြောကြား

အကယ်၍ အမှတ်ပေး ဇယား ဒုတိယ နေရာဖြင့် ရာသီသိမ်းခဲ့ပါက မန်ချက်စတာ စီးတီးအတွက် ယခုရာသီ ကျဆုံးခဲ့သည်ဟု မဆိုနိုင်ကြောင်း မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

မန်စီးတီးသည် ယခုရာသီတွင် လက်ရှိချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ဘဲ ချယ်လ်ဆီးက အမှတ်ဖြတ် ဦးဆောင်မှုကို ကြုံခဲ့ရသည်။ မန်စီးတီး အနေဖြင့် အာဆင်နယ်ထက် တစ်ပွဲပို ကစားကာ ရမှတ်တူ၊ ဂိုးကွာခြားချက်ဖြင့် ဒုတိယ နေရာသို့ ရောက်ရှိနေသော်လည်း အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းများက အဆိုပါ နေရာအတွက် စိန်ခေါ်နိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။ ချီလီသား မန်နေဂျာကြီးက မိမိတို့ အနေဖြင့် ရာသီတိုင်း ဆုဖလားများ ရရှိနေရန် အာမခံနိုင်မည် မဟုတ်သလို ဒုတိယ နေရာသည် အလွန်ဆိုးရွားသည့် ကျဆုံးမှုဟု မယူဆကြောင်း မှတ်ချက်ပြုခဲ့သည်။

“နှစ်တိုင်းတော့ ကျွန်တော်တို့ ဖလားတွေ ရမနေနိုင်ဘူးလေ”ဟု ပယ်လီဂရီနီက ဆိုသည်။ “ဒီရာသီမှာ အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ ယူနိုက်တက်တို့က ငွေပိုသုံးလာတယ်။ လီဗာပူးလ်လည်း တူတူပဲ။ အသင်းတိုင်းမှာ တကယ့်ကို တောင့်တင်းတဲ့ လူစာရင်းမျိုး ပိုင်ဆိုင်လာတယ်။ ကျွန်တော်တို့နဲ့ တန်းတူ ဖြစ်လာတယ်။ ကျွန်တော်တို့ လူစာရင်းအရ ဒုတိယ နေရာဟာ ဆိုးရွားတဲ့ အဆင့်မျိုး၊ ဒါမှမဟုတ် စိတ်ပျက်စရာ အဆင့်မျိုးလို့ ခင်ဗျားတို့ ထင်သလား။ ကျွန်တော်ကတော့ အဲဒီလို မမြင်ပါဘူး”ဟု ပယ်လီဂရီနီက သတင်းထောက်များအား ပြောကြားခဲ့သည်။

၎င်းက “တကယ်လို့ ကျွန်တော်တို့က အဆင့်(၇) နေရာနဲ့ ရာသီသိမ်းခဲ့ပြီး ဥရောပပွဲ ကစားခွင့် မရဘူး ဆိုရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ တစ်ရာသီလုံး (၃၄)ပွဲထိ ကစားပြီးချိန် ဒုတိယ နေရာမှာ အမြဲတမ်းနီးပါး ရှိခဲ့တယ် ဆိုတာမျိုးက အဆိုးကြီး မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment