Pages

Subscribe:

Thursday, April 23, 2015

ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲ တက်ရောက်နိုင် ခဲ့သော်လည်း အောင်ပွဲ မရသေးဟု ဘူဖွန် သတိပေး



ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲ တက်ရောက်နိုင် ခဲ့သော်လည်း အောင်ပွဲ မရသေးဟု ဘူဖွန် သတိပေး

ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲ အဆင့်ထိ တက်ရောက် လာနိုင်သည့်တိုင် မိမိတို့ လက်ထဲတွင် မည်သည့် လက်ဆုပ်လက်ကိုင် အောင်မြင်မှုမျှ မရှိသေးကြောင်း အသင်းဖော်များကို ဂျူဗင်းတပ်စ် ဂိုးသမား ဂီယန်လူဂီ ဘူဖွန်က သတိပေး ပြောကြားလိုက်သည်။

အီတလီ စီးရီးအေ ချန်ပီယံ အသင်းသည် ပြင်သစ်ကလပ် မိုနာကိုကို ကျော်ဖြတ်ပြီးနောက် အကြို ဗိုလ်လုပွဲ အဆင့်သို့ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့နှင့်အတူ ရောက်ရှိလာခဲ့သည်။ အီတလီ စီးရီးအေ ဘောလုံးလောက ကျဆင်းမှုများ ကြုံနေချိန်တွင် ဂျူဗင်းတပ်စ်၏ တက်လှမ်းမှုမှာ ကျေနပ်စရာ ဖြစ်လာသော်လည်း ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ အဆင့်သည် ကြီးမားသည့် အောင်မြင်မှုမျိုး မဟုတ်သေးဟု ဘူဖွန်က ဆိုသည်။ ဘူဖွန်သည် (၂၀၀၂-၀၃) ဘောလုံးရာသီနောက်ပိုင်း ဂျူဗင်းတပ်စ်နှင့်အတူ ပထမဆုံးအကြိမ် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ကစားခွင့် ရလာခြင်း ဖြစ်သည်။

၎င်းက “ဥရောပ ဘောလုံးစင်မြင့်ပေါ် ပြန်ရောက်လာဖို့ ကျွန်တော်တို့ အချိန်အတိုင်းအတာ တစ်ခုတော့ စောင့်ခဲ့ရတယ်။ ဒါပေမဲ့ ခက်ခဲတဲ့ လမ်းကြောင်းကို ဖြတ်သန်းပြီး တက်လှမ်းလာတဲ့အခါ ပိုပြီး ကျေနပ်ပျော်ရွှင်ရပါတယ်။ သတိထားရမှာက ကျွန်တော်တို့ဟာ လက်ဆုပ်လက်ကိုင် ဘာအောင်မြင်မှုမှ မရသေးဘူး ဆိုတာပါပဲ။ အခုမှ အကြိုဗိုလ်လုပွဲပဲ ရှိပါသေးတယ်။ ပြိုင်ဘက်ကောင်းတွေက ကျွန်တော်တို့ကို စောင့်နေတယ်။ မိုနာကိုနဲ့ ပွဲမှာဆိုရင် အမှားလေး တစ်ခုတိုင်းက ကျွန်တော်တို့ကို ပေးဆပ်မှု ကြီးသွားစေနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကျော်ဖြတ်ခဲ့ပါပြီ။ ရှေ့ဆက်ပြီးလည်း အကောင်းဆုံးဖြစ်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ”ဟု ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment