Pages

Subscribe:

Thursday, April 30, 2015

အသင်းတည်ထောင်ပြီး ၁၁၆ နှစ်အကြာမှာ စီးရီးအေကို တန်းတက်လာသည့် အသင်းငယ်လေး ကာပီ



အသင်းတည်ထောင်ပြီး ၁၁၆ နှစ်အကြာမှာ စီးရီးအေကို တန်းတက်လာသည့် အသင်းငယ်လေး ကာပီ
Written by  အောင်ငြိမ်းသွေး

အီတလီ၊ ဧပြီ ၂၉။         ။ ဘာရီအသင်းနှင့် ၀-၀ ရလဒ်ဖြင့် သရေကျပြီးနောက်တွင် အသင်းငယ်လေး ကာပီအက်ဖ်စီသည် အသင်းတည်ထောင်ပြီး ၁၁၆နှစ်အ ကြာ၌ စီးရီးအေသို့ ပထမဆုံး တန်းတက်လာ ခဲ့သည်။

အီတလီနိုင်ငံမြောက်ပိုင်းတွင် တည်ရှိသည့် ကာပီမြို့တွင် အခြေစိုက်သော ကာပီအက်ဖ်စီ အသင်းသည် လက်ကျန် ပွဲစဉ်လေးတွင် ရမှတ် ၂ မှတ်ထက် ပိုရပါက စီးရီးဘီ ချန်ပီယံဆုကို ဆွတ်ခူးနိုင် မည်ဖြစ်သည်။

ကာပီမြို့သည် လူဦးရေ ၇၀၀၀၀ ၀န်းကျင်သာ ရှိပြီး ကာပီအသင်းပိုင် Stadio Sandro Cabassi ကွင်းမှာလည်း ပရိသတ် ၄၁၄၄ ဦးသာ ၀င်ဆံ့သည်။

ကာပီအသင်းသည် စီးရီးဒီမှ တန်းတက် လာပြီးနောက် ငါးနှစ်အတွင်း စီးရီးအေသို့ တန်းတက် လာနိုင်ခြင်း လည်းဖြစ်သည်။ နည်းပြ ဖာဘရီဇီယို ကက်စတိုရီ၏ အသင်းသည် လူငယ် ကစားသမား အများစုဖြင့် ဖွဲ့စည်း ထားပြီး လာမည့် ရာသီတွင် ဂျူဗင်တပ်စ်၊ အေစီမီလန်၊ အင်တာမီလန် စသည့် အသင်းကြီးများနှင့် ရင် ဆိုင်ကစား ရတော့ မည်ဖြစ်သည်။

နည်းပြ ဖာဘရီဇီယို ကက်စတိုရီက 'တကယ်ကို ထူးဆန်း အံ့သြ ဖွယ်ရာကောင်းတဲ့ ခရီးတစ်ခုပါပဲ။ တန်းတက်နိုင် ခဲ့လို့ အလွန်ပျော်ကျေနပ်ဝမ်း သာမိပါတယ်။ အသင်းဟာ တစ်ဆင့်ပြီး တစ်ဆင့်တိုးတက်လာနေပါတယ်။ အသင်းက ကစားသမားလေးတွေ ဟာတောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထား သူတွေဖြစ် ပါတယ်' ဟုပြောသည်။

ယခုကဲ့သို့တန်းတက်လာခြင်းသည် ကာပီအသင်းနှင့် ပရိသတ်များအတွက် အလွန်ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်သော်လည်း စီးရီးအေ ၏စည်းမျဉ်း များအရ အိမ် ကွင်းမှာ အနည်းဆုံးပရိသတ် ၂၀၀၀၀ ၀င်ဆံ့ရမည် ဖြစ်သောကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ရ မည်ဖြစ်သည်။

လာဇီယိုဥက္ကဋ္ဌ လိုတီတိုကလည်း ကာပီအသင်းတန်း တက်လာခြင်းသည် ဘဏ္ဍာရေးအရ ထိခိုက်နစ်နာမှု ရှိကြောင်းဝေဖန်ပြောကြား ထားသည်။

Ref: Daily Mail

Mizzima

0 comments:

Post a Comment