Pages

Subscribe:

Thursday, April 23, 2015

ဒီနီပရို - ဘရုဂျက် (နံနက် ၁း ၃၅)



ဒီနီပရို - ဘရုဂျက် (နံနက် ၁း ၃၅)

ဒီနီပရို

ဘယ်နောက်ခံလူ အက်ဂီဒီယို၊ တိုက်စစ်မှူး ဇိုဇူလျာ၊ ဗဟိုနောက်ခံလူမက်ဇုခ်ျ တို့ဒဏ်ရာရနေပြီး ကွင်းလယ်ကစားသမားဖက်ဒေါ်ချက်က တော့ ပွဲပယ်ခံထားရပါတယ်။ ကွင်းလယ်တိုက်စစ်သမား မက်သယူးကလည်း ပါဝင်ကစားနိုင်ဖို့ မသေချာပါဘူး။

ကွင်းလယ်ကစားသမားရှာကော့ဗ်ကတော့ ပွဲပယ်ပြစ်ဒဏ်ပြည့်သွားလို့ ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ ယူကရိန်းကလပ် ဒီနီပရိုအသင်းရဲ့ ယူရိုပါလိဂ် နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲက ဂိုးနည်းခဲ့ပါတယ်။

ဘရုဂျက်

နောက်ခံလူ အန်ဂျယ်ဒဏ်ရာရနေပြီး နောက်ခံလူ မူနီယာနဲ့ ဒူရာတီ၊ တိုက်စစ်မှူး အမ်ဘွန်ဘိုတို့ကလည်း ပါဝင်ကစားနိုင်ဖို့ မသေချာပါဘူး။

ဘယ်လ်ဂျီယံကလပ် ဘရုဂျက်အသင်းရဲ့ ယူရိုပါလိဂ်နောက်ဆုံး ၁၆ ပွဲက အံ့သြစရာကောင်းလောက်အောင်ပဲ ရှုံးပွဲမရှိသေးတာကို တွေ့ရပါ တယ်။ အဲဒီ ၁၆ ပွဲမှာ ၁၅ ပွဲက ဒီနှစ်မှာကစားထားတာဖြစ်ပြီး ၁၁ ပွဲနိုင် ၄ ပွဲသရေကျခဲ့ပါတယ်။

သုံးသပ်ချက်

ယူကရိန်းကလပ် ဒီနီပရိုအသင်းဟာ ပထမအကျော့တုန်းက အဝေးကွင်းမှာ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့လို့ အဝေးဂိုးမရခဲ့ပါဘူး။ ဒါကြောင့် အိမ်ကွင်းမှာ ဂိုးနဲ့သရေကျရင် ဆီမီးအဆင့်ကို လွဲချော်ရမှာဖြစ်ပြီး အနိုင်ကစားဖို့ လိုနေပါတယ်။

အနိုင်ကစားနိုင်မယ့် အခြေအနေ ရှိပါ့မလားဆိုရင် အနီးစပ်ဆုံး အိမ်ကွင်းရလဒ်တွေကို ပြန်ကြည့်ဖို့လိုလာပါတယ်။ ဒီနှစ်ယူရိုပါလိဂ် အိမ်ကွင်း ၆ ပွဲကစားပြီးချိန်မှာ အင်တာမီလန်နဲ့ ကာရာဘက်ကို ရှုံးနိမ့်ခဲ့ပြီး ကျန် ၄ ပွဲကိုတော့ အနိုင်ကစာခဲ့ပါတယ်။ အနိုင်ရတဲ့အသင်းတွေထဲမှာ အလယ် အလတ်အဆင့်ရှိအသင်းတွေဖြစ်တဲ့ စိန့်အက်တီယန်၊ အိုလံပီယာကော့စ်၊ အေဂျက်တို့လို အသင်းတွေ ပါဝင်ခဲ့ပါတယ်။

ဘရုဂျက်အသင်းကတော့ ဒီရာသီ ယူရိုပါလိဂ်အဝေးကွင်း ရှုံးပွဲလုံးဝမရှိသေးတဲ့ အသင်းဖြစ်ပါတယ်။ တိုရီနိုကို အဝေးကွင်းမှာ ဂိုးမရှိ သရေကျ ခဲ့ပြီး ကျန် အဝေးကွင်း ၆ ပွဲကိုအနိုင်ရအောင် ကစားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့အနိုင်ရတဲ့အသင်းတွေကတော့ နာမည်သိပ်မကြီးတဲ့လိဂ်အသင်းတွေ ဖြစ်ပြီး ထင်ရှားတဲ့အသင်းဆိုလို ဘက်ဆစ်တပ်တစ်သင်းလောက် ပဲ ပါဝင်ပါတယ်။

အာရှပေါက်ဈေးဖွင့်ထားတာက သရေဆိုရင် ဒီနီပရို ၈၀ နစ်နာမှာဖြစ်ပါတယ်။ နောက်တစ်ဆင့်တက်ဖို့ အိမ်ကွင်းမှာ အနိုင်လိုအပ်နေတဲ့ ဒီနီပရို တို့ ခက်ခက်ခဲခဲကစားပြီး အနိုင်ရသွားဖို့ များနေလို့ အိမ်ရှင် ဒီနီပရိုကိုပဲ ရွေးပေးလိုက်ပါတယ်။

Mizzima


0 comments:

Post a Comment