Pages

Subscribe:

Wednesday, April 22, 2015

အာရှဖူဆယ် ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲသို့ မြန်မာဖူဆယ် လိဂ်ချန်ပီယံMIC အသင်း ၀င်ပြိုင်ခွင့်မရ



အာရှဖူဆယ် ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲသို့ မြန်မာဖူဆယ် လိဂ်ချန်ပီယံMIC အသင်း ၀င်ပြိုင်ခွင့်မရ

အာရှဘောလုံးအဖွဲ့ ချုပ်မှ ကျင်းပနေတဲ့ အာရှဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ သို့ မြန်မာ ဖူဆယ်လိဂ် ချန်ပီယံMIC အသင်း ၀င်ပြိုင်ခွင့်ရဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ သိရပါသည်။

အာရှဖူဆယ် ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို အာရှနိုင်ငံတွေမှ ဖူဆယ်ကလပ် အသင်းတွေ ၀င်ပြိုင်နေကြတာ ဖြစ်ပြီးအာရှထိပ်သီး အဆင့်ပြိုင်ပွဲ တစ်ခုဖြစ်ပါ သည်။
“သူတို့ အဓိကပြောတာ ကတော့လိဂ်ရဲ့ အဆင့်အတန်းနဲ့ အိမ်ကွင်း အဝေးကွင်း မရှိတာကြောင့်ပါ။ ဒါပေမယ့် နောင်နှစ်တွေမှာ ဒါတွေကို အဆင်ပြေအောင် လုပ်နိုင်ရင်တော့ ၀င်ပြိုင်နိုင်မှာပါ”လို့ MICဖူဆယ် အသင်းပိုင်ရှင်ဦးဖြိုးမောင်မောင် ကပြောပါသည်။
၂၀၀၆ခုနှစ် မှစတင်ကာ အာရှဘောလုံးအဖွဲ့ ချုပ်မှ အာရှဖူဆယ် ဖလားအမည် နဲ့ စတင်ကျင်းပခဲ့ပြီး၂၀၁၀ခုနှစ် မှာတော့ အာရှဖူဆယ်ကလပ် ချန်ပီယံရှစ်အမည်နဲ့ ပြောင်းလဲ ကျင်းပခဲ့ကာ မြန်မာဖူဆယ် ကလပ်အသင်းတွေ ၀င်ပြိုင်ခဲ့ဘူးခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Soccer Myanmar


0 comments:

Post a Comment