Pages

Subscribe:

Sunday, April 26, 2015

အာဆင်နယ် နှင့် ချယ်ဆီး အသင်းများ ရဲ့ သတင်း နှင့် ဒဏ်ရာရ အခြေအနေများ



အာဆင်နယ် နှင့် ချယ်ဆီး အသင်းများ ရဲ့ သတင်း နှင့် ဒဏ်ရာရ အခြေအနေများ
မြန်မာစံတော်ချိန် ယနေ့ည ၉:၃၀ တွင် ကစားမည့် အာဆင်နယ် နှင့် ချယ်ဆီး ပွဲသည် မြို့ခံပြိုင်ဘက်များ ဖြစ်သလို ထိပ်ဆုံး နှစ်သင်း အတွက် မျှော်လင့်ချက် ကိုယ်စီဖြင့် စိတ်ဝင်စားစရာ ပွဲတစ်ပွဲဖြစ်ပါတယ်။ ယခုပွဲ အာဆင်နယ် အနိုင်ရရှိခဲ့ရင် ချန်ပီယံ အခွင့်အရေး အနည်းငယ် ရှိနေသေးသလို ချယ်ဆီး အနိုင်ရရှိခဲ့ရင် ချန်ပီယံ သေချာသွားမည်ဖြစ်သဖြင့် ပရိတ်သတ် အားလုံးက စိတ်ဝင်တစားစောင့်ကြည့်နေတာဖြစ်ပါတယ်။
အများစု ကတော့ ယခုပွဲမတိုင်ခင်ကတည်းက ချယ်ဆီး အသင်း ချန်ပီယံဖြစ်ခဲ့ပြီလို့ လက်ခံထားပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ ဘောလုံးမှာတော့ အရာရာဘာမဆို ဖြစ်လာနိုင်ပါတယ်။
ယခုအချိန်မှာတော့ အာဆင်နယ် အသင်း ဟာ ၂၀၁၅ ခုနှစ်ထဲ မှာ ၂ ပွဲသာ ရှုံးနိမ့်သေးပြီး အကောင်းဆုံးခြေစွမ်းဖြင့် ချီတက်နေပါတယ်။ အာဆင်နယ်အသင်း အနိုင်ရရှိခဲ့ရင် ချန်ပီယံမျှော်လင့်ချက် အငွေ့အသက်လေး ရှိနေသဖြင့် အာရုံစိုက် ကစားဖို့ရာသံသယရှိစရာမလိုပါဘူး။
ချယ်ဆီး အသင်းကလည်း ပြီးခဲ့တဲ့သီတင်းပတ်က မန်ချက်စတာယူနိုက်တက် ကို အနိုင်ရရှိခဲ့သလို ယခုပွဲအနိုင်ရရှိခဲ့ရင် ချန်ပီယံသေချာစေမှာ ဖြစ်သဖြင့် အမှားအယွင်းမခံပဲ မောရင်ညို အနေနဲ့ အသေအချာ ပြင်ဆင်ဆင်လာမည်ဆိုတာ မြေကြီးလက်ခတ် မလွဲပါပဲ။
လက်ရှိ နှစ်သင်း ရဲ့ အခြေအနေကို လေ့လာကြည့်ရင်
*အာဆင်နယ် အသင်းသည်၂၀၁၅ ခုနှစ်မှာ တစ်ပွဲပျမ်းမျှ ၂.၅၄ မှတ်ရရှိထားပြီး ၎င်းပမာဏ သည် တခြား ဥရောပအသင်းကြီးများထက် ပိုမိုတဲ့ ရမှတ်ပမာဏဖြစ်ပါတယ်။
*မော်ရင်ညို သည် အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါး နှင့် တွေ့ဆုံခဲ့တိုင်း တခါမှ ရှုံးနိမ့်ခဲ့ခြင်း မရှိသေးပါဘူး။ (၇ ပွဲအနိုင် ရရှိခဲ့ပြီး ၅ ပွဲသရေကျခဲ့ပါတယ်)
*သီယိုဝဲလ်ကော့ ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော် က ချယ်ဆီး အသင်းကို နောက်ဆုံး ဂိုးသွင်းယူနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။
*ချယ်ဆီး အသင်းဟာ ယခုရာသီအစကတည်း က ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ တောက်လျှောက် ဦးဆောင် ထားနိုင်ခဲ့တာဖြစ်ပါတယ်။
*တစ်ပွဲပျမ်းမျှ ဂိုးပေါက်တည့်မှုမှာ ယခုရာသီ တွင် ချယ်ဆီး အသင်း လောက် တခြားအသင်းမှမစွမ်းဆောင်နိုင်သေးပါဘူး။ ချယ်ဆီးအသင်းသည် တစ်ပွဲပျမ်းမျှ ၄.၂၃ ကြိမ် ဂိုးပေါက်တည့်ကြောင်း မှတ်တမ်းများက ပြဆိုနေပါတယ်။
*အာဆင်နယ် အသင်းကစားခဲ့သည့် ပြိုင်ပွဲအားလုံးတွင် အိုလီဗာဂီရော့ဒ် သည် နောက်ဆုံး ၁၂ ပွဲတွင် ၁၀ ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။
အာဆင်နယ်အသင်းရဲ့ သတင်းအချက်အလက်များ နှင့် ဒဏ်ရာရလူစာရင်း
မာတီဆက်ကာ ရဲ့ခြေချင်းဝတ် ဒဏ်ရာကြောင့် ဂါဘရီရယ်လ် ပေါ်လစ္စတာ ကစားဖို့မျှော်လင့်နေပါတယ်။ ဟက်တာဘယ်လ်လာရင် ရဲ့ခြေချင်းဝတ်ဒဏ်ရာကြောင့် အာဆင်ဝင်းဂါးအနေနဲ့ မတ်သီးယူဒီဘူချီ ကိုပဲ သုံးမလား ဒါမှမဟုတ် ဘယ်လ်လာရင် ပဲ ပြန်ကစားနိုင်မလားဆိုတာ အာဆင်ဝင်းဂါးအနေနဲ့ ဆုံးဖြတ်ချက်ချရတော့မည်ဖြစ်ပါတယ်။
ချန်ဘာလိန် ရဲ့ မကြာခဏ ဖြစ်ပေါ်လေ့ရှိသော ပေါင်ခြံ ဒဏ်ရာ ကို ခွဲစိတ်ကုသမှု ခံယူသွားရမှာဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာ
အော့စ်ပီးနား၊ ဘယ်လ်လာရင်၊ ကိုစီရယ်နီ၊ ဂါဘရီရယ်လ်၊ မိုနရယ်လ်၊ ကာဇိုလာ၊ ရမ်းဆေး၊ အိုဇေးလ်၊ ကိုကွီလင်၊ ဆန်းချက်စ် နှင့် ဂီရော့ဒ် တို့ဖြစ်နိုင်ဖွယ်ရှိပါတယ်။
ချယ်ဆီး အသင်းရဲ့ သတင်းအချက်အလက်များ နှင့် ဒဏ်ရာရလူစာရင်း
တိုက်စစ်မှူးတွေ ဒဏ်ရာရရှိနေတဲ့ ပြသနာ က ချယ်ဆီးအသင်းရဲ့ အနိုင် ရလဒ်တွေကိုတော့ ရပ်တန့်သွားစေခဲ့ခြင်းမရှိပါဘူး၊ ဒီရေဂိုကော်စတာ၊ ရီမီ နဲ့ ဒရော့ဘာ တို့ ယခုသတင်းပတ် မှာ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အအေးမိရောဂါ ကနေပြန်လာနိုင်ခဲ့တဲ့ ဝီလျှံ ပြန်လည် ပါဝင်လာနိုင်မည်ဖြစ်ပြီး ရာမီးယပ်စ် နှင့် ဇူးမား တို့လည်း ပွဲထွက်စာရင်း မှာ ပါဝင်ဖွယ်ရှိပါတယ်။
ချယ်ဆီး အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာ
ကော်တိုးရစ်၊ အိုင်ဗန်နိုဗစ်၊ တယ်ရီ၊ ကာဟေးလ်၊ အက်စ်ပလီကျူတာ၊ ရာမီးယပ်စ်၊ မက်တစ်၊ ဝီလျှံ၊ ဖာဘရီဂက်စ်၊ ဟာဇတ်၊ ဒရော့ဘာ တို့ ဖြစ်နိုင်ဖွယ်ရှိပါတယ်။
ပွဲချိန်ကတော့ ယနေ့ ၂၆/၀၄/၂၀၁၅ မြန်မာစံတော်ချိန် ည ၉:၃၀ မှာ စတင် ကစားမည်ဖြစ်ပြီး ရင်ခုန်စွာစောင့်မျှော် ကြည့်ရှုကြပါစို့လို့.............
‪#‎KS‬

Football Cafe

0 comments:

Post a Comment