Pages

Subscribe:

Friday, July 10, 2015

စီးရီးအေတွင် လာရောက် ကစားသင့်ဟု ဂျက်ကိုကို ယန်ဂါ အမ်ဘီဝါ အကြံပြု-



စီးရီးအေတွင် လာရောက် ကစားသင့်ဟု ဂျက်ကိုကို ယန်ဂါ အမ်ဘီဝါ အကြံပြု-
မန်ချက်စတာစီးတီး တိုက်စစ်မှူး အီဒင်ဂျက်ကို အနေဖြင့် အီတလီ စီးရီးအေတွင် လာရောက် ကစားရန် စဉ်းစားသင့်ကြောင်း ရိုးမားခံစစ်မှူး မာပူ ယန်ဂါ အမ်ဘီဝါက တိုက်တွန်း ပြောကြားလိုက်သည်။
ယန်ဂါ အမ်ဘီဝါသည် နယူးကာဆယ်လ် ယူနိုက်တက်နှင့်အတူ ပရီးမီးယားလိဂ်တွင် ဖြတ်သန်းခဲ့ဖူးသည့် အတွေ့အကြုံ ရှိသူ ဖြစ်သည်။ ရိုးမားအသင်းသည် မန်စီးတီးတွင် ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရသည့် တိုက်စစ်မှူးကို ၎င်းတို့၏ အဓိက ပစ်မှတ်အဖြစ် ချိန်ရွယ်လျက်ရှိရာ ယန်ဂါ အမ်ဘီဝါက အဆိုပါ အပြောင်းအရွှေ့ ဖြစ်မြောက်ရန် လိုလားလျက် ရှိသည်။ ရိုးမားသည် ပြီးခဲ့သည့်ရာသီ ဒုတိယ နှစ်ဝက်တွင် တိုက်စစ်ပိုင်း စွမ်းဆောင်ရည် သိသာစွာ ကျဆင်း သွားသည့်နောက် အသက်(၂၉)နှစ်အရွယ် ဘော့စ်နီးယား လက်ရွေးစင်ကို စိတ်ဝင်စားလာခြင်း ဖြစ်သည်။
ပြင်သစ် ဗဟိုခံစစ်မှူး ယန်ဂါ အမ်ဘီဝါက “ဂျက်ကိုလား။ သူက တကယ့်ကို ထူးချွန်ကောင်းမွန်တဲ့ ကစားသမားပါ။ သူဟာ စီးရီးအေမှာ လာကစားဖို့ လိုအပ်တဲ့ အရည်အသွေးအားလုံး ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ၎င်းက လာမည့်ရာသီတွင် ရိုးမားအနေဖြင့် အီတလီ စီးရီးအေ ချန်ပီယံဆုအတွက် ဂျူဗင်းတပ်စ်ကို စိန်ခေါ်လာနိုင်ရန် မျှော်လင့်ထားကြောင်းလည်း ဆိုသည်။ “ဒီရာသီက ကျွန်တော့်အတွက် သိပ်အရေးကြီးလာပါပြီ။ စီးရီးအေမှာ တစ်နှစ် ကစားထားတဲ့ အတွေ့အကြုံ ရှိလာတဲ့နောက် ပိုကောင်းတဲ့ ခြေစွမ်းမျိုး ပြသချင်ပါတယ်။ ဒါမှသာ စီးရီးအေ ချန်ပီယံဆုအတွက် အားထုတ် ယှဉ်ပြိုင်ရာမှာ အသင်းကို ကောင်းကောင်း အကူအညီ ပေးနိုင်မှာ ဖြစ်ပါတယ်”ဟုလည်း ဖွင့်ဟသွားသည်။
Soccer Myanmar

0 comments:

Post a Comment