Pages

Subscribe:

Monday, July 13, 2015

ယူနိုက်တက် လူသစ် ဒါမီယန်သည် အီတလီ၏ အကောင်းဆုံး တောင်ပံခံစစ်မှူးဟု မာတာရာဇီ ချီးကျူး-



ယူနိုက်တက် လူသစ် ဒါမီယန်သည် အီတလီ၏ အကောင်းဆုံး တောင်ပံခံစစ်မှူးဟု မာတာရာဇီ ချီးကျူး-

မန်ချက်စတာ ယူနိုက်တက်က စာချုပ်ခေါ်ယူလိုက်သည့် မက်တီယို ဒါမီယန်သည် အီတလီ ဘောလုံးလောက၏ အကောင်းဆုံး တောင်ပံ ခံစစ်သမားဖြစ်ကြောင်း အီတလီ လက်ရွေးစင်ဟောင်း မာကို မာတာရာဇီက ချီးကျူး ပြောကြား လိုက်သည်။
တိုရီနို အသင်း၏ အသက်(၂၅)နှစ်အရွယ် ခံစစ်မှူးသည် ပေါင်စတာလင် (၁၃)သန်းတန် ပြောင်းရွှေ့ကြေးဖြင့် ယူနိုက်တက်သို့ ကူးပြောင်းကာ (၄)နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည်။ အီတလီအတွက် ကမ္ဘာ့ဖလား ရယူပေးခဲ့ဖူးသူ အင်တာမီလန် ဗဟိုနောက်ခံလူဟောင်း မာတာရာဇီက အဆိုပါ အပြောင်းအရွှေ့အတွက် ယူနိုက်တက်ကို ချီးကျူးခဲ့ပြီး ဒါမီယန်သည် အင်္ဂလန်တွင် အခွင့်အလမ်းကောင်းများ ပိုင်ဆိုင်လာရန် မျှော်လင့် ယုံကြည်ကြောင်း ဆိုသည်။ ဒါမီယန်သည် ယူနိုက်တက်နှင့် စာမချုပ်မီ တိုရီနိုအတွက် ၁၄၆ ပွဲထိ ကိုယ်စားပြု ကစားပေးခဲ့သည်။
မာတာရာဇီက “ဒါမီယန် ကစားတာ အရမ်းကောင်းပါတယ်။ ကမ္ဘာ့ဖလားမှာတုန်းကတော့ သူဟာ အကောင်းဆုံး ကစားသမားတစ်ယောက် မဖြစ်ခဲ့ဘူး။ ဒါပေမဲ့လည်း အနည်းနဲ့အများတော့ ခြေစွမ်းပြနိုင်ခဲ့ပါတယ်”ဟု ဆိုသည်။ ၎င်းက “ယူနိုက်တက်ကို သူရောက်သွားတာဟာ ဒါမီယန်အတွက် တကယ့် အခွင့်အရေးကောင်းပဲ။ သူ့ဘဝ တိုးတက်ရာ တိုးတက်ကြောင်းအတွက် ပြောတာပါ။ သူက လူတော် တစ်ယောက်လေ။ သူဟာ လက်ရွေးစင် ဖြစ်ခွင့်ရနေပြီ။ အခုဆို ယူနိုက်တက်လို အသင်းမှာ ကစားရတော့မယ်။ ဒါမီယန်ဟာ အီတလီရဲ့ အကောင်းဆုံး တောင်ပံခံစစ်သမားလို့ ထင်ပါတယ်”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment