Pages

Subscribe:

Saturday, July 4, 2015

နာနီကို ပေါင် ၄.၂၅ သန်းဖြင့် ခေါ်ယူရန် ဖီနာဘာချီ သဘောတူညီမှုရရှိ



နာနီကို ပေါင် ၄.၂၅ သန်းဖြင့် ခေါ်ယူရန် ဖီနာဘာချီ သဘောတူညီမှုရရှိ

ယူရို ၆ သန်း (ပေါင် ၄.၂၅ သန်း) ဖြင့် ကလပ်အသင်းနှစ်သင်းအကြား သဘောတူညီမှု ရရှိခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက် ကွင်းလယ်တောင်ပံ ကစားသမား နာနီသည် တူရကီကလပ် ဖီနာဘာချီတွင် ဆေးစစ်မှုခံယူတော့မည် ဖြစ်သည်။

အသက် ၂၈ နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ကစားသမားသည် ၂၀၀၇ ခုနှစ်က စပို့တင်းလစ္စဘွန်းမှ အိုးထရတ်ဖို့ဒ်သို့ ရောက်ရှိလာခဲ့သူ ဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းတွင် အငှားဖြင့် သွားရောက်ကစားခဲ့ပြီးနောက် ၁၁ ဂိုး သွင်းယူနိုင်ခဲ့သည်။

ဖီနာဘာချီအသင်းကမူ ကစားသမား အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီးနောက် နာနီအနေဖြင့် တနင်္ဂနွေနေ့တွင် အစ္စတန်ဘူလ်၌ ဆေးစစ်မှု ခံယူမည်ဟု ပြောကြားခဲ့သည်။

နာနီသည် မန်ချက်စတာယူနိုက်တက်တွင် ကစားခဲ့သည့် ကာလအတွင်း ပရီးမီးယားလိဂ် ဆုဖလား လေးကြိမ်နှင့် ချန်ပီယံလိဂ် တစ်ကြိမ် ရယူနိုင်ခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment