Pages

Subscribe:

Sunday, July 5, 2015

အာဒါတူရန်ကို ခေါ်ယူရန် စီစဉ်ထားကြောင်း ဘာတိုမြူ အတည်ပြုပြောကြား



အာဒါတူရန်ကို ခေါ်ယူရန် စီစဉ်ထားကြောင်း ဘာတိုမြူ အတည်ပြုပြောကြား

အက်သလက်တီကို မက်ဒရစ် တိုက်စစ်ကစားသမား အာဒါတူရန်ကို ခေါ်ယူရန် စီစဉ်ထားကြောင်း ဘာစီလိုနာ ဥက္ကဋ္ဌရာထူး အတွက် ပါဝင်ယှဉ်ပြိုင်မည့် ဂျိုးဇက်မာရီယာ ဘာတိုမြူက အတည်ပြု ပြောကြားလိုက်သည်။

တူရကီ လက်ရွေးစင် ကစားသမားသည် နွေရာသီတွင် အက်သလက်တီကို မက်ဒရစ်မှ ထွက်ခွာရန် စီစဉ်နေကြောင်း အတည်ပြု ပြောကြားထပြီး ၎င်းကို ခေါ်ယူမည့် အသင်းများတွင် လာလီဂါချန်ပီယံအသင်းက ရေပန်းစားလျက်ရှိသည်။

အသက် ၂၈ နှစ်အရွယ် တူရန်ကမူ ဘာစီလိုနာနှင့် သဘောတူညီမှု ရရှိထားကြောင်း ငြင်းဆိုခဲ့သော်လည်း ၎င်းကစားသမားကို အသင်းနည်းပြ လူးဝစ်အင်းနရစ်က အလိုရှိနေကြောင်း ဘာတိုမြူက ဖွင့်ဟခဲ့သည်။

“သူက သိပ်ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါကြောင့် လူးဝစ်အင်းနရစ်က လာမယ့်ရာသီအတွက် အလိုရှိနေပါတယ်။ အသင်းဘုတ်အဖွဲ့ကိုလည်း ဒီကစားသမားကို ခေါ်ယူဖို့ တိုက်တွန်းထားပါတယ်။ လာမယ့်နှစ်မှာ ကျွန်တော်တို့အသင်းက ပြိုင်ဘက်တိုင်းနဲ့ ယှဉ်ပြိုင်နိုင်ပြီး ဆုဖလားတွေကို ရနိုင်သမျှ ရယူသွားမှာပါ” ဟု ဘာတိုမြူက ပြောကြားခဲ့သည်။

ဆက်လက်ပြီး အာဒါတူရန်က မိမိ၏ စံပြကစားသမားသည် အင်နီယေစတာ ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ၎င်း၏ ဥရောပချန်ပီယံအသင်းသို့ ပြောင်းရွှေ့မည့် သတင်းမှာ ပိုမိုအားကောင်းလာခဲ့သည်။

၎င်းက “ကျွန်တော့်ရဲ့ စံပြကစားသမားက ဂါလာတာဆာရေးမှာ ကစားခဲ့တဲ့ အမ်မရီ ဘီလိုဇိုဂလူပါ။ အခုကတော့ အင်နီယေစတာက ကျွန်တော့်ရဲ့ စံပြကစားသမား ဖြစ်ပါတယ်” ဟု ဆိုခဲ့သည်။

ဆက်လက်ပြီး မိမိအနေဖြင့် ဘာစီလိုနာ၏ ကစားဟန်ကို နှစ်သက်ပြီး ရီးယဲမက်ဒရစ်ကို မနှစ်သက်ကြောင်း ဝန်ခံခဲ့သည်။

“ကျွန်တော့်မှာ အရေးကြီးကိစ္စတွေ မရှိရင် ဘာစီလိုနာရဲ့ ကစားဟန်ကို တီဗွီမှာ ကြည့်ပါတယ်။ ရီးယဲမက်ဒရစ်ကိုတော့ မကြိုက်ပါဘူး” ဟု တူရန်က ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment