Pages

Subscribe:

Monday, July 13, 2015

စတာလင်ကို သင့်တော်သည့် တန်ဖိုးဖြင့် လီဗာပူးလ် ရောင်းချခြင်းဖြစ်ဟု သွမ်ဆန်နှင့် ကာရေဂါ သုံးသပ်



စတာလင်ကို သင့်တော်သည့် တန်ဖိုးဖြင့် လီဗာပူးလ် ရောင်းချခြင်းဖြစ်ဟု သွမ်ဆန်နှင့် ကာရေဂါ သုံးသပ်-

အင်္ဂလန် ကွင်းလယ်တောင်ပံ ကစားသမား ရာဟင်းမ် စတာလင်သည် ကမ္ဘာ့အဆင့် ကစားသမားတစ်ဦး အဖြစ် သတ်မှတ်၍ မရသေးသော်လည်း ၎င်းကို လီဗာပူးလ်က သင့်တော်သည့် တန်ဖိုးဖြင့် ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း အသင်း နောက်ခံလူဟောင်းများ ဖြစ်သည့် ဖီးလ်သွမ်ဆန်နှင့် ဂျေမီကာရေဂါတို့က သုံးသပ်ပြောကြားလိုက်သည်။
မန်ချက်စတာစီးတီးသည် အန်ဖီးလ်မှ ထွက်ခွာရန် ဆန္ဒရှိနေကြောင်း ပြီးခဲ့သည့် ဘောလုံးရာသီက အတိအလင်း ပြောကြားခဲ့သော အသက် ၂၀ နှစ်အရွယ် စတာလင်ကို ပေါင် ၄၉ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားကြောင်း Sky မှ ဖော်ပြခဲ့သည်။
ထို့နောက် ကာရေဂါက “ရာဟင်းမ်က သိပ်ကောင်းတဲ့ လူငယ် ကစားသမားတစ်ယောက်ပါ။ ဒါပေမဲ့သူက အိုဝင်၊ ရွန်နီ၊ ဖောင်လာနဲ့ ဂစ်တို့လို အဆင့်တစ်ခုကို မရောက်သေးပါဘူး။ ဒါကြောင့် ပေါင် ၄၉ သန်းဆိုတာဟာ လီဗာပူးလ်အတွက် သိပ်ကိုကောင်းတဲ့ သဘောတူညီမှုတစ်ရပ် ဖြစ်ပါတယ်။ နောက်ပြီး ဒါဟာ အခြားကလပ်တွေနဲ့ လက်ရှိ ကစားသမားတွေကို သတိပေးလိုက်တာပါပဲ။ အနာဂတ်မှာ လီဗာပူးလ်ရဲ့ ထိပ်တန်း ကစားသမားတွေ တစ်ချိန်တည်းမှာ အစုလိုက်အပြုံလိုက် ထွက်ခွာမှုကို သူတို့ တားဆီးနိုင်ပါလိမ့်မယ်။ ဒီတန်ဖိုးဟာ စတာလင်နဲ့ ထိုက်တန်မှု ရှိ၊ မရှိ ငြင်းခုံနေကြပေမယ့် စီးတီးက ဆုဖလားတွေ ရရှိပြီး ချန်ပီယံလိဂ် အောင်မြင်မှုနဲ့ နီးစပ်ခဲ့မယ်ဆိုရင် ဒါဟာ ထိုက်တန်တယ်လို့ ယူဆနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် စတာလင်၏ ပြောင်းရွှေ့ကြေးအတွက် လီဗာပူးလ်က အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ကြောင်း သွမ်ဆန်က ဆိုခဲ့သည်။ ၎င်းက “မန်ချက်စတာစီးတီးက ပေါင် ၂၅ သန်းနဲ့ စကမ်းလှမ်းခဲ့တာပါ။ ဒါဟာ ရယ်စရာပါပဲ။ ဒါပေမဲ့ အသင်းက သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရရှိဖို့အတွက် အကောင်းဆုံး ကိုင်တွယ်ခဲ့ပါတယ်။ စီးတီးက အလားအလာရှိတဲ့ ကစားသမားတစ်ယောက်အတွက် ပေးချေခဲ့တာပါ။ ရာဟင်းမ်က သုံးနှစ်အတွင်းမှာ ဖန်တီးမှု ၁၄ ကြိမ်လောက်အထိ လုပ်ခဲ့ပြီး လိဂ်ဂိုး ၁၈ ဂိုး သွင်းယူခဲ့သူ ဖြစ်ပါတယ်။ ကစားသမားကောင်း တစ်ယောက်ဆိုတာကတော့ သေချာပေမယ့် ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက် မဟုတ်သေးပါဘူး။ ဒါကြောင့်လည်း လီဗာပူးလ် ပရိသတ် တော်တော်များများက သူ အသင်းပြောင်းရွှေ့မယ့်အပေါ် စိတ်မကောင်း မဖြစ်ကြတာပေါ့။ ပြီးခဲ့တဲ့ ဘောလုံးရာသီက သူ့အတွက် အကောင်းဆုံးရာသီ မဟုတ်ခဲ့ပါဘူး။ သူ ခြေစွမ်းပြနိုင်ခဲ့တာက ဆွာရက်ဇ်နဲ့ တွဲကစားတုန်းကပါ။ ပြီးခဲ့တဲ့နှစ်က သူ့ဆီကနေ အများကြီး မျှော်လင့်ခဲ့ကြပေမယ့် သူ မလုပ်ပြနိုင်ခဲ့ပါဘူး” ဟု ပြောကြားခဲ့သည်။
ဆက်လက်ပြီး စတာလင်၏ အနာဂတ်နှင့် ပတ်သက်၍ သွမ်ဆန်က “စီးတီးအနေနဲ့ သူ့ဆီကနေ ခြေစွမ်ကောင်းတွေ ရရှိနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ စီးတီးလူစာရင်းမှာ ခြေစွမ်းကောင်းတဲ့ ကစားသမားတွေ အများကြီးပါ။ ဒါကြောင့် သူ့အနေနဲ့ ပွဲတိုင်း ကစားနိုင်ပါ့မလားဆိုတာကတော့ မေးခွန်းထုတ်စရာပါ” ဟု ဆိုခဲ့သည်။
တစ်ဆက်တည်းမှာပင် လီဗာပူးလ် အနေဖြင့် အသင်း၏ အကောင်းဆုံး ကစားသမားများကို ထိန်းသိမ်းရာတွင် ရုန်းကန်နေရကြောင်း သွမ်ဆန်က ဝန်ခံခဲ့သည်။
“အခုအချိန်မှာ လီဗာပူးလ်က တစ်ဖြည်းဖြည်းနဲ့ ကစားသမားတွေကို ရောင်းချတဲ့အသင်း ဖြစ်လာနေပါပြီ။ လူးဝစ်ဆွာရက်ဇ်က ကမ္ဘာ့အဆင့်ပါ။ စတာလင်ကတော့ ဆွာရက်ဇ်လိုမျိုး ခြေစွမ်း မရသေးပါဘူး။ ဒါပေမဲ့ သူက သိပ်ကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က နေသန်နီရယ် ကလင်းနဲ့ ဂျိမ်းစ်မီလ်နာတို့လို ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပါတယ်။ မီလ်နာက တစ်ခြားအသင်းတွေကို ရွေးချယ်ခွင့်ရှိရက်နဲ့ လီဗာပူးလ်ကို ရွေးချယ်ခဲ့တာပါ။ ဒီကစားသမားတွေ ခေါ်ယူနိုင်ခဲ့မှုအပေါ် ကျွန်တော် ကျေနပ်မိပါတယ်” ဟု သွမ်ဆန်က ပြောကြားသွားခဲ့သည်။

Soccer Myanmar
@ Pumta

0 comments:

Post a Comment