Pages

Subscribe:

Sunday, July 5, 2015

ချယ်ဆီးတွင် အရန်ခုံ၌သာ ဖယ်ကာအို အချိန်ကုန်ဆုံးရလိမ့်မည်ဟု ဂျေမီရက်နပ် သုံးသပ်



ချယ်ဆီးတွင် အရန်ခုံ၌သာ ဖယ်ကာအို အချိန်ကုန်ဆုံးရလိမ့်မည်ဟု ဂျေမီရက်နပ် သုံးသပ်

ချယ်ဆီးသို့ ပြောင်းရွှေ့သွားခဲ့သည့် ရာဒါမယ် ဖယ်ကာအိုသည် ယခုနှစ် ဘောလုံးရာသီတွင် အချိန်အများစုကို အရန်ခုံ၌သာ ကုန်ဆုံးရလိမ့်မည်ဟု ဂျေမီရက်နပ်က ပြောကြားလိုက်သည်။

ချယ်ဆီးသည် ပြီးခဲ့သည့် ဘောလုံးရာသီက ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်တွင် အငှားဖြင့် ကစားခဲ့သော အသက် ၂၉ နှစ်အရွယ် ဖယ်ကာအိုကို မိုနာကိုထံမှ တစ်ရာသီ အငှားဖြင့် ခေါ်ယူခဲ့သည်။

ဖယ်ကာအိုသည် စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ ပြောင်းရွှေ့ပြီးနောက် ဆုဖလားအချို့ ရယူနိုင်ဖွယ်ရှိသော်လည်း ကိုလံဘီယာ တိုက်စစ်မှူး အနေဖြင့် ပွဲထွက်ကစားခွင့် အနည်းငယ်သာ ရရှိနိုင်ကြောင်း ရက်နပ်က သုံးသပ်ပြောကြားခဲ့သည်။

“လာမယ့်နှစ်မှာ သူ့အနေနဲ့ အရန်ခုံမှာပဲ ထိုင်နေရပါလိမ့်မယ်။ အက်သလက်တီကိုမှာ ဖယ်ကာအို ကစားခဲ့တုန်းက ပွဲတွေကို ကျွန်တော် မှတ်မိပါသေးတယ်။ သူက ကျွန်တော်တွေ့ဖူးသမျှ အကောင်းဆုံး ဗဟိုတိုက်စစ်မှူး တစ်ယောက်ပါ။ အခုသူက ချယ်ဆီးကို ရောက်သွားပါပြီ။ ချယ်ဆီးမှာက ဒဏ်ရာရသွားတဲ့ တိုက်စစ်မှူးတစ်ယောက် နေရာမှာ အစားထိုးကစားမယ့် တိုက်စစ်မှူးတစ်ယောက်ပဲ လိုတယ်လို့ ထင်ပါတယ်။ အဲ့ဒီတိုက်စစ်မှူးက ပထမဦးစားပေး ကစားသမား ဖြစ်တဲ့ ဒီယေဂို ကော်စတာနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒါကို ချယ်ဆီးပရိသတ်တိုင်းက သိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ နောက်ပြီး သူတို့ဆီမှာ လွိုက်စ်ရီမီလည်း ရှိပါတယ်။ ဒါကြောင့် ဖယ်ကာအိုက အသင်းရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ရတာ ပျော်ရွှင်မိပါတယ်လို့ ပြောတာပါ။ သူ့အနေနဲ့ ဒီယေဂို ကော်စတာ ကြံ့ခိုင်နေသရွေ့ ပွဲထွက်ကစားခွင့် ရလိမ့်မယ် မထင်ပါဘူး” ဟု ရက်နပ်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး အသင်းဟောင်း လီဗာပူးလ်သည် ကွင်းလယ်တောင်ပံ ကစားသမား ရာဟင်းမ်စတာလင်ကို ရောင်းချလိမ့်မည်ဟု ရက်နပ်က ဟောကိန်းထုတ်ခဲ့သည်။

၎င်းက “အသင်းမှာ ဆက်မနေချင်တော့တဲ့ ကစားသမားကို သူတို့ သေချာပေါင် ရောင်းချပါလိမ့်မယ်” ဟု ပြောကြားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment